မင်္ဂလာပါ။ ကျွန်တော်လည်း နှစ်ပတ်လုံး mid-term စာမေးပွဲတွေ ပရောဂျက်တွေနဲ့ ရှုပ်နေတာ ဘာမှ မရေးဖြစ်ဘူး ဖြစ်သွားတယ်။ တောင်းပန်ပါတယ်။ တောင်းပန်ပေါင်းလည်းများပြီ။ တီးတောင်မှ ကယ် မင်းပရောဂျက်ကိုပဲ ရေးပြီးတင်ပါတော့တဲ့။ နည်းနည်း ဘုလာပုံပဲ။ အဲ့တော့ ဒီတစ်ပတ်မဖြစ်မနေပြီးအောင် တင်မယ်ဆိုတာတောင် တစ်ရက်နောက်ကျသွားပြန်ပြီ။ ဒီ တစ်ပတ်လည်း mid-term ပရောဂျက်ပြီးသွားလို့ သုံးရက်လောက်နားနေလိုက်တာ စာတောင် မလုပ်ဖြစ်လိုက်ဘူး။ ကဲ… ကျွန်တော်ပြောထားခဲ့တယ့် ရှေးဟောင်းဗိသုကာကို နောက်မှပြောတော့မယ်။ တော်တော်များများ မရေးဘူးလား မေးနေတဲ့ Golden Gate တံတား အကြောင်း ပြောပြပါမယ်။ ကျွန်တော်လက်ရှိနေနေတယ့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အထင်ကရ landmark တစ်ခုပေါ့။
မြန်မာလိုပြန်ရင်တော့ ရွှေဝင်ပေါက် တံတား လို့ ပြန်ရမယ်ထင်တယ်။ ကြားရတာ တောနာမည် ကြနေတာပဲနော်။ အင်္ဂလိပ်လိုသုံးတာပဲ ကောင်းမယ် ထင်တယ်။ ဘာလို့ Golden Gate Bridge လို့ ခေါ်လဲဆိုတော့ ဆန်ဖရန်စ္စစကို ပင်လယ်အော် ရဲ့ ပစိဖိတ်သမုဒ္ဒရာကို ထွက်ပေါက်ဖြစ်တဲ့ Golden Gate ပေါ်မှာ ဆောက်ထားလို့ပဲ။ အရောင်ကို တင်စားမည့်တာမဟုတ်ပါ။ ဒီတံတားက ဆန်ဖရန်စ္စစကို ကျွန်းစွယ်ရဲ့ မြောက်ဖက်ဖျားကနေ ဆန်ဖရန်စစ္စကိုမြို့နဲ့ မြောက်ဖက်မှာရှိတဲ့ မရင်း ခရိုင်နဲ့ ဆက်သွယ်ပေးထားတာပါ။ ၁၉၃၇ခုနှစ်မှာ ဆောက်ပြီးတော့ ဒီတံတားက ကမ္ဘာပေါ်မှာ အရှည်ဆုံး ကြိုးတံတား တစ်စင်းပေါ့။ အခုတော့ ကျော်တက်ကုန်ပြီ။ လက်ရှိ အရှည်ဆုံး ကြိုးတံတားက မြန်မာပြည် အဲ့ဟုတ်ပါဘူး မှားလို့ ဂျပန်ပြည် မှာရှိတဲ့ Akashi-Kaikyō Bridge ပဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ နယူးယောက်က Verrazano-Narrows Bridge ပြီးရင် Golden Gate Bridge က ဒုတိယ အရှည်ဆုံးအဖြစ် ရှိနေဆဲပါ။
တံတားမဆောက်ခင် ကတော့ လူတွေက သမ္ဗာန်တွေ သင်္ဘောတွေနဲ့ ကူးတို့ရတာပေါ့။ အမေရိကန်ရဲ့ အကြီးဆုံးမြို့တစ်မြို့ဖြစ်ေ
တံတားဆောက်ဖို့ရာ ကြံစည်နေတာကတော့ အဆန်းမဟုတ်ပါဘူး။ အင်ဂျင်နီယာကျောင်းသား James Wilkins ရေးက ၁၉၁၆ ကတည်းက San Francisco Bulletin မှာ ဆောင်းပါးရေးပြီး တံတားဆောက်ဖို့ လျာထားတင်ပြဖူးပါတယ်။ မြို့တော် အင်ဂျင်နီယာတွေ ခန့်မှန်းချက်အရ ဒေါ်လာ ၁၀၀ မီလီလျံ ကုန်မှာ ဖြစ်တဲ့အတွက် အဲ့ဒီ ခောတ်အခါအရ လုံးဝ မဖြစ်နိုင်တဲ့ ပမာဏပါ။ Joseph Strauss ဆိုတဲ့ အင်မတန် စိတ်ကူးကြီးတဲ့ အင်ဂျင်နီယာကတော့ ဆောက်လုပ်နိုင်မယ်လို့ တုံ့ပြန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မူလ ပထမ ဒီဇိုင်းက တော်တော်များများ အကျည်းတန်တယ်လို့ယူဆ ခံရတယ့် အတွက် ပယ်ချခံရပါတယ်။ ဘယ်လိုလဲတော့ ကျွန်တော်လည်း မသိပါ။ ဖတ်ရသလောက် ကမ်းတစ်ဖက်တစ်ချက်မှာ ကြီးမားလွန်းလှတဲ့ cantilever တစ်ခုဆီနဲ့ အလယ်က ကြိုးနဲပ ဆွဲထားမယ့် အပိုင်းနဲ့ ပါတယ့်။ လှမလှတော့ စာဖတ်သူတွေလည်း မြင်ယောင်ကြည့်ကြပေါ့။ ဒါပေမယ့် ဒေသ အာဏာပိုင်တွေကတော့ Strauss ကို ပြင်ဆင်ရေးဆွဲစေပြီး တစ်ခြား ပရောဂျက် အကြံပေး ပညာရှင်တွေနဲ့ တိုင်ပင်ဖို့ လက်ခံခိုင်းပါတယ်။ Strauss လည်း ဆယ်စုနှစ်တစ်ခုလုံး ထောက်ခံမှုရဖို့ မြောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ကို မဲဆွယ်နေရတယ်လေ။ တော်တော်များများ အဖွဲ့အစည်းတွေရဲ့ အတိုက်အခံတွေလည်း ကြုံတွေ့ရတယ်။ စစ် အုပ်ချုပ်ရေးဌာန (Deparment of War) ကလည်း တံတားကြောင့် သင်္ဘောတွေ အသွားအလာ ကို လာစွက်ဖက်မှာ ကြောက်နေတယ်။ ဟုတ်တော့လည်း ဟုတ်သား။ အရေးပေါ် စစ်ဖြစ်ခါမှ စစ်သင်္ဘောကြီးတွေ ၀င်မရ ထွက်မရ ဖြစ်နေမှာစိုးရတာပေါ့။ အလုပ်သမား သမဂ္ဂကလည်း ဒေသခံလူတွေအတွက် တံတားဆောက်ဖို့ အလုပ် အာမခံချက်ကို တောင်းဆိုတယ်။ တောင်ပစိဖိတ် ရထား ကုမ္ပဏီကလည်း သူရဲ့ ဖယ်ရီတွေ ထိခိုက်မှာစိုးတော့ ဒီ ပရောဂျက်ကို တရားစွဲရော။ ကား စက်ရုံတွေကတော့ တံတားဆောက် လမ်းဖောက်တာ သဘောကျတော့ ထောက်ခံတယ်။ ဒီမိုကရေစီလေ။ လုပ်ချင်တိုင်းလုပ်လို့ ဆောက်ချင်တိုင်းဆောက်လို့ ဘယ်ရမလဲ။ နိုင်ငံတော်ရဲ့ စေတနာနဲ့ ဆောက်မယ်ဆိုလည်း မရဘူး။ သူ့ဟာသူ ဘယ်လောက် စေတနာရှိရှိ၊ ဒေသခံတွေ သဘောတူမှ ဆောက်ခွင့်ရမှာ။
Strauss က အင်ဂျင်နီယာချုပ်ဖြစ်ပေမယ့် တာဝန်တော်တော်များများက တစ်ခြား အင်ဂျင်နီယာနဲ့ ဗိသုကာ ပညာရှင်တွေ ပေါ်မှာပါ။ သိပ်ပြီးတော့ နာမည်မသိတဲ့ ဗိသုကာ ပညာရှင် ဖြစ်တဲ့ Irving Morrow က ဒီ Golden Gate Bridge ကို ဒီဇိုင်းဆွဲတာပါ။ သူ့ကိုဒီဇိုင်းဆွဲဖို့ မငှားခင်ကတည်းက ၁၉၁၉ ခုနှစ်မှာ တံတားကို ကဗျာဆန်ဆန် ရေးခဲ့ဖူးပါတယ်။ ကြိုးစားပြီးဘာသာပြန်ပေးထားပါ
ဒီဇိုင်းကို မှတ်တမ်းတင်ရမှာ လည်း အငြင်းပွားမှုတွေရှိခဲ့တယ်။ အကြီးတန်း အင်ဂျင်နီယာ Charles Alton Ellis က structural design အတွက်တာဝန်ယူခဲ့တယ်။ တံတားဆောက်ဖို့ အတွက် စက်မှုပိုင်းနဲ့ နည်းပညာပိုင်း တွေမှာ အများကြီးဆောင်ရွက်ခဲ့ပေမယ့် သူ့တစ်သက်မှာ မှတ်တမ်းမတင်ခံခဲ့ရရှာဘူးလေ။ ၁၉၃၁ မှာ တော့ Strauss က သူ့ကို အလုပ်ထုတ်ခဲ့တယ်။ အကြောင်းပြချက်ကတော့ နာမည်ကျော် အင်ဂျင်နီယာ Leon Moisseiff နဲ့ ကြေးနန်းအဆက်အသွယ် လုပ်လွန်းတဲ့အတွက် ကုန်ကြစရိတ်ထောင်းလွန်းလို့ ဆိုပဲ။ ကိုယ့်ကျိုးမြှင့်တင်ဖို့နဲ့ နာမည်ကြောင့် Strauss က တစ်ခြားသူတွေရဲ့ အားထုတ်မှုတွေကို နှိမ့်ချပြီး သူကသာ ဒီ တံတားအတွက် အရေးပါဆုံးလူပါလို့ သူ့ဟာသူ မှတ်တမ်းတင်ခဲ့တယ်။ တစ်ကယ်တော့ တခြား ဗိသုကာပညာရှင်တွေ အင်ဂျင်နီယာတွေ အားလုံးက ပိုပြီး တာဝန်ကြီးခဲ့တာပါ။ နောက်တော်တော်ကြာမှ ဒီဇိုင်း အသင်း တစ်ခုလုံးကို ကောင်းကောင်း အသိအမှတ်ပြုခံရတာပါ။ မေ ၂၀၀၇ မှ Golden Gate Bridge မြို့နယ် က စာတမ်းထုတ်ပြီး ၇၀ နှစ်လောက် ကြာခဲ့တယ့် ဒီတံတားရဲ့ အစွမ်းအစ ကို အဓိက အသိအမှတ်ပြုမှု ရရှိထိုက်သူက Ellis ဖြစ်တယ်လို့ကြေငြာခဲ့ပါတယ်။ ဒီဇိုင်းဆွဲပေးခဲ့တော့ ဗိသုကာပညာရှင် Morrow ကတော့ ဘယ်ရောက်သွားလဲ မသိတော့ပါဘူး။ ကျွန်တော့်အထင်တော့ သူ့ကို consultant architect အနေနဲ့ပဲ ဆွဲပေးခဲ့တာထင် ပါတယ်။ နှစ်ကလည်း ၇၀ကျော်ပြီဆိုတော့ မှတ်တမ်းမှတ်ရာတွေလည်း ပျောက်လုနီးနီးပေါ့။
Golden Gate တံတားနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို တွေ့ရှိရသလောက် အောက်မှာ ဖော်ပြထားပါတယ်။
ပင်မတံတားအရှည်- ၄၂၀၀ ပေ (main span length ဆိုတာ ကြိုးဆွဲထားတဲ့ တိုင်နှစ်တိုင် ရဲ့ ကြားထဲက အရှည်ပါ။) အစ အဆုံးမဟုတ်ပါဘူး။ အစ အဆုံး က ၈၉၈၁ပေ ရှည်တယ်။
ဖြောင့်တန်းကျနေတယ့် ကြိုးတွေက သေးသွယ်တယ် လို့ ထင်ရပေမယ့် လုံးပတ်က ၃ပေ ၅လက်မ ရှိတယ်။ တစ်မျှင်ထဲမဟုတ်ဘူးနော်။ ကြိုးသေးသေးလေးတွေ စုပေါင်းပြီး အကြီးကြီးဖြစ်နေတာ။
ကား ခြောက်လမ်းသွား ဖြစ်ပါတယ်။ လေးနှစ်ကျော် ကြာ ဆောက်လုပ်ပြီး တံတားပေါ် သွားလာခွင့်ကို မေ ၂၈ ၁၉၃၇ မှာ စတင်ဖွင့်လှစ်ပါတယ်။ မေ ၂၇မှာ ဖွင့်ပွဲအပြီးမှာပါ။ တံတားကို စုစုပေါင်း ၃ခါ အသွားအလာပိတ်ဖူးပါတယ်။ သုံးခါလုံး လေတိုက်နှုန်း ပျင်းလွန်းလို့ပါ။
ယနေ့ ဒီလို တံတားမျိုးဆောက်မယ်ဆိုရင် ဒေါ်လာ ၁.၃ ဘီလီယံလောက် ကုန်ကျမှာပါ။
တံတားကခံညားပါတယ်။ ဒါပေမယ့် ဒီနေရာဟာ ကမ္ဘာပေါ်မှာ ကိုယ့်ဟာကိုယ်သေကြောင်း ကြံစည်မှု ဖြစ်ပွားတဲ့ အများဆုံးနေရာပါ။ တံတားပေါ်ကခုန်ချရင် ရေပြင်ကနေ အမြင့် က ၂၄၅ပေ လောက်ရှိတာမို့ ရေပြင်နဲ့ ရိုက်မိရင် လူကိုသေစေလောက်ပါတယ်။ ကျွန်တော်တို့တောင် ရေကူဒိုင်ပင် ၁၀ ပေလောက်တောင် အကျ မတော်ရင် ဖတ်ကနဲ အောင့်သွားတာပဲ မဟုတ်လား။ ပြုတ်ကျရင် အရိုးကျိုးတာ ဒါမှမဟုတ် အတွင်းဒဏ်ရာရပြီး ကယ်မိရင်တောင် သေနိုင်ချေရှိပါသေးတယ်။ ရေက ၈ ဒီဂရီ စင်ဒီဂရိတ်လောက် အေးပြီး ငမန်းဖြူတွေလည်း တစ်ခါတစ်ရံ တံတားအောက်မှာ တွေ့ရပါတယ်တယ့်။ သေကြောင်းကြံဖို့ နေရာ ပေးနေတာ မဟုတ်ဘူးနော်။ သေကြောင်းကြံတာက ၀ဋ်မကျွတ်ဘူး။ ဒါပေမယ့် မပူပါနဲ့။ နောက်ပိုင်းကြံချင်ရင် တောင် ကြံလို့ မရတော့ဘူး။ အခု သေကြောင်းကြံစည်မှု ကာကွယ်ရေး စကာတွေ တံတားအောက် မှာ အပြည့်တပ်ထားဖို့ စီစဉ်နေပြီ။ အစကတော့ အရေးပေါ်ခေါ်နိုင်တဲ့ တယ်လီဖုန်းတွေပဲထားထားတယ်။ ည ဆိုရင် လမ်းလျှောက်ခွင့် ပိတ်ထားတယ်။ စက်ဘီးသမားတွေကိုတော့ ဖြတ်ခွင့်ပေးပေမယ့် အသံမြည်တဲ့ အဝေးထိန်း တံခါးဝတွေထဲ ၀င်ထွက်ပေးရတယ်။ စကာတပ်ဆင်ဖို့က ငွေကြေးကုန်ကြမှု၊ တံတား အလှပျက်မှာစိုးရိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကန့်ကွက်မှုတွေ (ပင်လယ်ငှက်တွေ ဖြတ်သန်းမှုကို စကာတွေက ပိတ်ဆို့သလိုဖြစ်ပြီး ငှက်တွေ စကာကို မမြင်ရင် ညှပ်သေကုန်လို့ဆိုပဲ) ကြောင့် နှောင့်နှေးနေရတာပါ။ ဟင်းဟင်း ကျွန်တော်ပြောပြလို့ အဲ့နေရာမှာ သတ်သေမိပါတယ်ဆိုပြီးတော့ တရားစွဲဖို့ မကြံစည်နဲ့။ ကျွန်တော်မျိုး လင်းစစ်သူ တာဝန်မယူပါ။
ဘာပဲ ဖြစ်ဖြစ် ဒီလိုလှပပြီး သမိုင်းတွင် နာမည်ကျော်တဲ့ Golden Gate တံတားကြီးက အံမခန်းပါပဲ။ ညနေဆည်းဆာအချိန်မှာ တံတားပေါ်လမ်းလျှောက်ရတယ့် အရသာကလည်း romantic ဖြစ်လှပါတယ်။ ပိစိဖိတ်သမုဒ္ဒရာ ကြီးကို မှေးတင်လို့ နွေးထွေးတဲ့ တံတားအရောင်နဲ့ ဖြန်းပက်လိုက်တဲ့ ညနေခင်း နေလုံးကြီးရဲ့ ရှက်သွေးဖြာမှုတွေက လည်း ပနံသင့်သလို အေးမြတဲ့ လေညင်းတွေကလည်း လန်းဆန်းစေလို့ အင်မတန်မှ လှပတဲ့နေရာဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ တံတားဖွင့်တော့ စန်ဖရန်စစ္စကို ခရော်နစ်ကယ်လ်က ဒေါ်လာ ၃၅ သန်းတန် သံမဏိ စောင်းကြီးလို့ တင်စားခဲ့တယ်။ ကျွန်တော်လည်း အားရင် သူငယ်ချင်းတွေလာရင် သွားလည် ဖြစ်ပါတယ်။ စာဖတ်သူတွေလည်း အခွင့်ကြုံရင် ၀င်လည်ကြပါလို့။
လင်းစစ်သူ
0 comments:
Post a Comment