Wednesday, December 16, 2009

တောင်ကိုရီးယားကို အားကျနေတဲ့ မြန်မာတို့အတွက်

မြန်မာပြည်မှာ ရေပန်းစားနေတဲ့ ကိုရီးယားနိုင်ငံဟာ ၁၉၈၇ခုနှစ် ဇွန်လကမှ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါ။ နှစ်အနေ နဲ့ဆိုရင် ဒီမိုကရေစီ နိုင်ငံဖြစ်တာ နှစ်(၂၀)ကျော်ပဲ ရှိပါသေးတယ်။ ကိုရီးယားနိုင်ငံဟာလည်း တစ်ချိန်က ယခုလက်ရှိ မြန်မာ နိုင်ငံလို စစ်အာဏာရှင်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု အင်အားနဲ့ တွန်းလှန်ဆန့်ကျင်ခဲ့ကြတဲ့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် မြန်မာပြည်ရဲ့ စစ်အာဏာရှင်နဲ့ တစ်ချိန်က ကိုရီးယား နိုင်ငံရဲ့ စစ်အာဏာရှင်တို့ရဲ့ တိုင်းပြည်ကို အနိုင့်ကျင့် အုပ်ချုပ်ပုံချင်း တော် တော်တူပါ တယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင် သမိုင်းအကျဉ်းကို ကျွှန်တော် လေ့လာထားမိသလောက် တင်ပြပါရစေ။

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနက်ပိုင်းက ကိုရီးယားအသံလွှင့်ဋ္ဌာနတွေကနေ တိုက်ရိုက် ထုတ်လွှင့်နေတဲ့ သမ္မတ ကျမ်း သစ္စာကျိန်ဆိုပွဲကို ကြည့်ပြီး ကိုရီးယားနိုင်ငံသားတွေကို အားကျမိသွားတယ်။ အားကျမိတဲ့အချက်ကတော့ ပြည်သူလူထုကလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ သမ္မတကို ရွေးချယ်ပိုင်ခွင့်ရှိလို့ပါ။ကျွှန်တော်တို့ မြန်မာပြည်မှာလည်း
၁၉၉၀ ခုနှစ်တုန်းက ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေ ရှိခဲ့ပေမယ့် စစ်အစိုးရရဲ့မတ ရားအနိုင်ကျင့်ပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားခဲ့တာကြောင့် ပြည်သူ့ကိုယ်စား လှယ်တွေခမျာ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း တာဝန်တွေ မထမ်းဆောင်နိုင်တဲ့အပြင် မတရာညှင်းပမ်းနှိပ်စက် ဖမ်းဆီးမှုတွေကြောင့်ထောင်ကျနေရသူ တွေရှိသလို ပြည်ပနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေရသူတွေပါ ရှိလာခဲ့ရပါတယ်။
မြန်မာပြည်မှာလည်း ကိုရီးယားကို အားကျနေကျတယ် ဆိုတာတွေလည်း သိရပါတယ်။ ဒါပေမယ့် ကိုရီးယားနိုင်ငံရဲ့ တိုးတက် ထွန်းကားမှုတွေကိုပဲ အားကျနေကြတာ များနေတယ်လို့ ထင်တယ်။ ဥပမာ ကိုရီးယား ရုပ်သံဇတ်လမ်းတွဲတွေကိုကြည့်ပြီး တချို့ ဆို ကိုရီးယားစကား မတောက်တခေါက် တောင် ပြောနေကြတယ် ထင်တယ်။ ဘယ်လောက်အတိုင်းအတာထိလည်း ဆိုရင် မြန်မာပြည်မှာ အောင်မြင် ကျော်ကြားနေတဲ့ အနုပညာသမားတွေ ပါးစပ်ဖျားမှာတောင် ကိုရီးယားစကားတွေ ရေပန်းစာနေပါ တယ်။ မြန်မာပြည်အနှံ့မှာ ကိုရီးယားရောဂါပိုးက တော်တော်ဆိုးနေပုံရတယ်။ မြန်မာပြည်ထဲကလူတွေ ကိုရီးယားနိုင်ငံကို အဓိ က အထင်ကြီး အတုယူစရာလေးတွေ အသိပေးတင်ပြချင်တာနဲ့ ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။

မြန်မာပြည်မှာ ရေပန်းစားနေတဲ့ ကိုရီးယားနိုင်ငံဟာ ၁၉၈၇ခုနှစ် ဇွန်လကမှ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါ။ နှစ်အနေနဲ့ ဆိုရင် ဒီမိုကရေစီ နိုင်ငံဖြစ်တာ နှစ်(၂၀)ကျော်ပဲ ရှိပါသေးတယ်။ ကိုရီးယားနိုင်ငံဟာလည်း တစ်ချိန်ကယခုလက်ရှိ မြန်မာ နိုင်ငံ လို စစ်အာဏာရှင်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု အင်အားနဲ့ တွန်းလှန်ဆန့်ကျင်ခဲ့ကြတဲ့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ အခုလက်ရှိ မြန်မာစစ်အစိုးရ (နအဖ)ကပြုလုပ်မယ့် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲပုံစံမျိုးလည်း ကိုရီးယား စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့ဖူးပါတယ်။
စစ်တပ်အာဏာ သက်ဆိုးရှည် တည်မြဲရေးအတွက် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတွေလည်း ကျင့်သုံးခဲ့ဖူးပါတယ်။
စစ်အစိုးရကိုဆန့်ကျင်ပြီး ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့သူ ကျောင်းသူ ကျောင်းသားတွေ၊ ပါတီနိုင်ငံရေးလှုပ်ရှားသူတွေပြည်သူ လူထုတွေလည်း မတရား ဖမ်ဆီးနှိပ်စက် သတ်ဖြတ်ခြင်းတွေ ခံခဲ့ကြရပါတယ်။ နအဖက တွင်တွင် သုံးနေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူဆိုရင် ပြည်ပအားကိုးပုဆိန်ရိုး ဆိုတဲ့ စွပ်စွဲမှုမျိုးလို ကိုရီးယားစစ် အစိုးရ လက်ထက်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ဆိုရင် မြောက်ကိုရီးယားသူလျို ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးနှိပ်စက်ခဲ့ဖူးပါတယ်။ ပြောရယ်ဆိုရင် မြန်မာပြည်ရဲ့ စစ်အာ ဏာရှင်နဲ့ တစ်ချိန်က ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်တို့ရဲ့ တိုင်းပြည်ကို အနိုင့်ကျင့် အုပ်ချုပ်ပုံချင်း တော်တော်တူပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင် သမိုင်းအကျဉ်းကို ကျွှန်တော် လေ့လာထားမိသလောက် တင်ပြပါရစေ။
ကိုရီးယားနိုင်ငံဟာ ၁၉၄၅ခုနှစ် သြဂုတ်လ၁၅ရက်နေ့မှာ ဂျပန်နိုင်ငံလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့ ပါတယ်။
၁၉၄၈ခုနှစ် ဇူလိုင် လမှစတင်ပြီး အီဆူမန် ဆိုသူဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။ အီဆူမန်ဟာ
သမ္မတရာထူးရပြီး ၁၉၅၁ခုနှစ်မှာ Liberal Party ကို စတင်ဖွဲ့စည်းတည်ထောင်ပြီး ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
သမ္မတရာထူးရရှိခဲ့တဲ့ ၁၉၄၈ခုနှစ်မှ စတင်ပြီး ၁၉၅၆ခုနှစ်အထိ အစိုးရအဖွဲ့ အား ရွေးချယ် တင်မြှောက်ချင်း မပြုပဲ အာဏာ ရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၅၆ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမယ့်လည်း သန့်ရှင်းတဲ့ ရွေးကောက်ပွဲမျိုး မဟုတ်ပဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားပြီး သမ္မတရာထူးကို ဆက်လက်ခံယူခဲ့ပါတယ်။ ၁၉၆၀ခုနှစ် ဧပြီလ၁၉ရက်နေ့မှာဂိုလျော တက္ကသိုလ် ကျောင်းသား တွေကနှေအစပြုပြီး ကိုရီးယားနိုင်ငံမှာ ပထမဦးဆုံး ဒီမိုကရေစီ လူထုလူပ်ရှားမူအရေးတော်ပုံ စတင် ပေါ်ပေါက် ခဲ့ပါတယ်။ အဲဒီိအရေးတော်ပုံကြီးကြောင့် ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့ပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ သူ အီဆူမန်ဟာ ဟာဝိုင်ယီကို ထွက်ပြေးတိမ်းရှောင်သွားရပြီး ဟာဝိုင်ယီမှာ နိုင်ငံရေးခိုလူံခွင့် ခံယူခဲ့ပါတယ်။

သမ္မတနေရာကို ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ ယူးန်ဘိုဆောင်(င်)ကို ၁၉၆၀ခုနှစ် သြဂုတ်လမှာ သမ္မတအဖြစ် လွတ်တော် က နေ ရွေးချယ် တင် မြှောက် လိုက်ခဲ့ကြပါတယ်။
အဲဒီအချိန်က ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးမှာ ငြိမ်သက်မူမရှိပဲ ဆူပူအုံကြွမှုတွေ ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ နိုင်ငံမငြိမ်သက်မူကို အကြောင်းပြပြီး တော့ စစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဘတ်ဂျော်ဟီးက ၁၉၆၁ခုနှစ် မေလ ၁၆ရက်နေ့မှာ စစ်အာဏာသိမ်းလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီး ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလမှာ Democratic Rebuplican Partyကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
ပါတီဖွဲ့စည်းပြီး ၁၉၆၃ခုနှစ် အောက်တိုဘာလမှာ ရွေးကောက် ပွဲပြုလုပ်ပြီး သမ္မတအာဏာကို ရယူခဲ့ပါတယ်။ ရွေးကောက်ပွဲပြု လုပ်ရာတဲ့ နေရာမှာလည်း အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း မမှန်ကန် မသန့်မရှင်း တရား မမျှတတဲ့ ရွေး ကောက်ပွဲမျိုးကိုပဲ လုပ်ပေးခဲ့တာပါ။
သမ္မတအာဏာရရှိလာတဲ့ ဘတ်ဂျော်ဟီးဟာ ၁၉၆၉ခုနှစ် စက်တင်ဘာလမှာ အခြေခံဥပဒေကို ပြန်လည်ပြင် ဆင်ခဲ့ပါတယ်။
၁၉၇၂ခုနှစ် အောက်တိုဘာ လမှာလည်း Constitution For Revitalizing Reform ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ထိုဥပဒေအရ
လွတ်တော်အမတ်များ၏ သုံးပုံ တစ်ပုံကို နိုင်ငံတော် သမ္မတမှ ရွေးချယ်မည်ဆိုတဲ့ အချက်ဟာ အဓိကအကျဆုံး အချက်ဖြစ်ခဲ့ပါတယ်။
အခုမြန်မာစစ်အစိုးရ(နအဖ)က ရေးဆွဲထားတဲ့ စစ်တပ်က နိုင်ငံတော် အုပ်ချုပ်မှုအာဏာကို (၂၅)ရာခိုင်နှုန်းပါဝင်မယ်ဆိုတဲ့
အခြေခံဥပဒေနဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒီဥပဒေ ပြဌာန်းလိုက်ခြင်းဟာ ဘတ်ဂျော်ဟီးက လွတ် တော် ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုပါ
သိမ်းယူချင်တဲ့အတွက် အဲဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာပါ။ စစ်အာဏာနဲ့ အုပ်ချုပ်ခြင်းခံနေရတဲ့ ကိုရီးယား ပြည်သူလူထု ဟာ
နည်းမျိုးစုံနဲ့ အနိုင်ကျင့် နှိပ်စက်မှုတွေကို ခါးစည်းခံခဲ့ကြရပါတယ်။

၁၉၇၉ခုနှစ် အောက်တိုဘာလမှာတော့ ဘူဆန်းမြို့ကနေ အစပြုပြီး ဘတ်ဂျော်ဟီး ပြဌာန်းခဲ့တဲ့ ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြမူ တွေ ကိုရီးယားနိုင်ငံ အနှံ့အပြားမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၇၉ခုနှစ် အောက်တိုဘာလ ၂၆ရက်နေ့မှာတော့ ကိုရီးယားနိုင်ငံ
ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ကင်မ်ဂျေဂြူး ကနေ ဘတ်ဂျော်ဟီးကို သေနတ်နဲ့ ပစ်သတ်လုပ်ကြံခဲ့ပါတယ်။
အဲဒီအချိန်မှာလည်း ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးမှာ မငြိမ်မသက် ဆူပူလှုပ် ရှား မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။
ဘတ်ဂျော်ဟီး လုပ်ကြံခံရ ပြီးတော့ သမ္မတနေရာကို အဲဒီိအချိန်က ၀န်ကြီးချုပ်ဖြစ်တဲ့ ချွဲဂြူးဟာ ကို တင်မြှောက် လိုက် ပါတယ်။
ဒါပေမယ့် ၁၉၇၉ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့မှာတော့ စစ်အာဏာရှင် လက်သစ်ဖြစ်တဲ့ ဂျော်န်ဒူးဟွာန်က ကိုရီးယား နိုင်ငံကို
ဒုတိယအကြိမ်မြောက် စစ်အာဏာသိမ်းယူခဲ့ပါတယ်။ ဂျော်န်ဒူဟွာန်ဟာ စစ်အာဏာသိမ်းပြီး မာရှယ်လော အမိန့်ကိုထုတ်ပြန် ခဲ့ပါတယ်။
၁၉၈၀ခုနှစ် မေလမှာ တော့ မာရှယ်လောအမိန့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၈၀ခုနှစ် မေလ၁၈ရက်နေ့မှာ ဂျော်န်နမ်တက္ကသိုလ်က ကျောင်းသားတွေက တက္ကသိုလ် ၀င်းအတွင်းမှာ ဆန္ဒပြနေကြတာကို အစိုးရတပ်တွေက ၀င်ပြီး ရိုက်နှက်ဖမ်းဆီးနိမ်နှင်းခဲ့ပါတယ်။ အစိုးရတပ်တွေရဲ့ ရိုက်နှက်မူကြောင့် ဒဏ်ရာရခဲ့ကြတဲ့ ကျောင်းသားတွေကို မြင်တွေ့ခဲ့ကြတဲ့ တက္ကသိုလ် တည်ရှိရာ ဂွမ်ဂျုးမြိှု့က ပြည်သူလူထုတွေကလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက် ဂွမ်ဂျုးတမြို့လုံး ပျံနှံ့သွားပြီး ကမ္ဘာကသိခဲ့တဲ့ ၅.၁၈ ဂွမ်ဂျုး အရေးအခင်းကြီး ဖြစ်ပေါ်
လာခဲ့ပါတယ်။ ၁၉၈၀ခုနှစ် မတ်လ ၁၈နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဂွမ်ဂျူးအရေးအခင်းဟာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့
ဒီမိုကရေစီအရေးတော်ပုံကြီး တစ်ခုဖြစ်ပါတယ်။ ထိုအရေးတော်ပုံကြီးဟာလည်း စစ်တပ်ရဲ့ အနိုင်ကျင့် နိမ်နှင်းဖြိုခွဲခြင်းကို
ခံခဲ့ရပါတယ်။ ဂျော်န်ဒူးဟွာန်ဟာ ၁၉၈၁ခုနှစ် ဇန်န၀ါရီလ ၁၅ရက်နေ့မှာ ဘတ်ဂျော်ဟီး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပါတီကလူ တွေနဲ့ ပူးပေါင်းပြီး “တရားမျှတသော ဒီမိုကရေစီပါတီ”လို့ အမည်ပေးကာ ပါတီတစ်ခု ဖွဲ့စည်း တည်ထောင်ပြီးဥက္ကဌရာထူး ယူကာ ရွေးကောက်ပွဲပြုလုပ်ပြီးတော့ သမ္မတသက်တမ်း ၇နှစ် စနစ်နဲ့ သမ္မတရာထူးကို ရယူခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ ရွေးကောက် ပွဲကလည်း အာဏာရှင်တို့ ထုံးစံအတိုင်း တရားမမျှတတဲ့ ရွေးကောက်ပွဲပဲ လုပ်ခဲ့ပါ တယ်။
စစ်အစိုးရတွေဖြစ်တဲ့ ဘတ်ဂျော်ဟီး၊ ဂျော်န်ဒူးဟွာန်တို့ရဲ့ လက်ထက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကျောင်းသားများနှင့် နိုင်ငံ ရေးလှုပ်ရှား သူများဟာ နည်းအမျိုးမျိုးနဲ့ နှိပ်စက်ဖမ်းဆီးခြင်း ခံခဲ့ကြရပါတယ်။

ကိုရီးယားနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းဖို့ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ လူထုလှုပ်ရှားမူကြီး တစ်ခုကတော့ ၁၉၈၇ ခုနှစ် ဇွန်လ ဒီမိုကရေစီ လူထု လှုပ်ရှားမူ အရေးအခင်းကြီးဖြစ်ပါတယ်။ ထိုအရေးအခင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေခံအကြောင်းတွေက တော့ စစ်အစိုးရအားဆန့်ကျင်ပြီး ဒီမိုကရေစီ အရေး လှုပ်ရှား နေသူ ကျောင်းသားတစ်ဦး ဖမ်းဆီးစစ်ဆေးရာမှာ လက်လွန် သေဆုံး သွားတဲ့ အမှုနဲ့ ၁၉၈၇ခုနှစ် ဧပြီလ ၁၃ရက်နေ့မှာ ဂျော်န်ဒူးဟွာန်က ထုတ် ပြန်ကြေညာ လိုက်တဲ့ ကြေညာချက်ကို ဆန့်ကျင်မှု တွေကနေ စတင်ခဲ့တာပါ။ ဂျော်န်ဒူးဟွာန် ထုတ်ပြန်ကြေညာလိုက်တဲ့ ကြေညာချက်မှာပါတဲ့
အဓိက အချက်ကတော့ ၁၉၆၉ခုနှစ်က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ ဘတ်ဂျော်ဟီးက ပြင်ဆင်ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေ ကို လုံးဝပြင်ဆင်မှု မလုပ်ပဲ ကျင့်သုံးသွားမည်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးခဲ့တဲ့ ကျောင်းသား က တော့ ဆိုးလ်တက္ကသိုလ်မှ ဘတ်ဂျုံချောလ် ဆိုသူ ဖြစ်ပြီး ထိုအချိန်က စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေး လှုပ်ရှား နေသူ ကျောင်းသားခေါင်းဆောင် ဘတ်ဂျုံဝူးန် ကို ဂျော်န်ဒူးဟွာန်အစိုးရမှ အလိုရှိနေတဲ့အတွက် ခြေရာခံဖမ်းဆီးနိုင်ဖို့ ဖမ်းဆီး စစ် ဆေးနေတုန်း လက်လွန်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရတို့ရဲ့ ထုံးစံအတိုင်း ဘတ်ဂျုံချော လ် သေဆုံးမှုဟာရှော့ ဖြစ်ပြီးသေဆုံးတာပါလို့ ရဲဋ္ဌာနကနေ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘတ်ဂျုံချောလ်ရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ တဲ့ ဆရာဝန်က သေဆုံးမှုဟာ သာမန်ရှော့ဖြစ်ပြီး သေဆုံးခြင်းမျိုးမဟုတ်ပဲ ရိုက်နှက်စစ်ဆေးတဲ့အတွက် သေဆုံးရတာပါလို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အဲဒီအချက်ကို သိလိုက်ကြတဲ့ ပြည်သူလူထုကြီးဟာ ပိုမိုမခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒပြမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၈၇ခုနှစ် ဇွန် လ ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးရဲ့ ရလဒ်ကတော့ ၁၉၈၇ ခုနှစ် ဇွန်လ ၂၉ရက်နေ့မှာ သမ္မတအာဏာကို ဆက်လက်ဆက်ခံမယ့် နိုထေ၀ူး ကနေ ဒီမိုကရေစီ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန် ပေးလိုက်ရပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ခြင်း ဖြစ်ပါတယ်။

ထိုဒီမိုကရေစီထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်သမ္မတရွေးချယ်ခြင်း ဥပဒေအား ပြန်လည်ပြုပြင်၍ ထိုဥပဒေအတိုင်း ကျင့် သုံးသွားရန်၊ရွေး ကောက်ပွဲအား လွတ်လပ်၍တရားမျှတမှုရှိရန်၊ ထိုအချိန်က ဖမ်းဆီး ထိန်းသိမ်း ခံနေရသူတစ်ဦဖြစ်ပြီး ဒီမိုက ရေစီ လူထုခေါင်းဆောင် တစ်ဦးဖြစ်သူ ကင်မ် ဒေဂျုးင်အား ပြန်လည်လွှတ်ပေးရန်၊ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ပေးရန်၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပေးရန်စသည့် အချက်များပါရှိသည်။ ထို့နောက် ၁၉၈၈ခုနှစ် ဖေဖော်ဝါ ရီလ မှ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီလအထိ နိုထေ၀ူး၊ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ အထိ ကင်မ်ယောင်ဆမ်း၊ ၁၉၉၈ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလအထိ ကင်မ်ဒေဂျုးင်၊ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၈ခုနှစ် ဖေဖော် ၀ါရီ လအထိ နိုမူးဟြောင်းတို့က သမ္မတရာထူး ရရှိခဲ့ကြပါတယ်။ ယခုလက်ရှိ ကိုရီးယား နိုင်ငံရဲ့ သမ္မတကတော့ အီမြောင်ဘတ် ဖြစ်ပါတယ်။ ယခုလက်ရှိ အာဏာ ရသမ္မတ အီမြောင်ဘတ်ဟာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုရီးယားနိုင်ငံ နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်သူလူထု အတွင်းမှာတော့ အဲဒီကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောဆိုနေမှု လုံးဝမရှိပါဘူး။

ကိုရီးယားနိုင်ငံဟာ မြန်မာပြည်ကလူတွေ အားကျအထင်ကြီးလောက်အောင်ပဲ တိုးတက်မှု မြန်ဆန်ပါတယ်။အခုဆို ဘက်ပေါင်းစုံ မှာ ကမ္ဘာကို ရင်ပေါင် တန်းနိုင်အောင် ကြိုးစားနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကိုရီးယားနိုင်ငံဟာ ရေမြေသံယာဇာတပေါများတဲ့နိုင် ငံမဟုတ်ပါဘူး။ အဲဒါတောင် တိုးတက်အောင် ကြိုးစားနိုင်ခဲ့ကြပါတယ်။ နိုင်ငံကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု တွေရဲ့ ပူးပေါင်းကြိုးစားမှုရဲ့ ရလဒ်လို့ပဲ သုံးသပ်ရမယ်ထင်ပါတယ်။ ကျွှန်တော်တို့ မြန်မာနိုင်ငံမှာ ဗိုလ်ကျအနိုင်ကျင့်အုပ်ချုပ်တဲ့
အစိုးရ ပြုတ်ကျသွားမယ်ဆိုရင် ကျွှန်တော်တို့နိုင်ငံဟာလည်း ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေ စီနိုင်ငံကြီး တစ်ခုဖြစ်ပေါ်လာမှာ မလွဲပါဘူး။
ကိုရီးယားပြည်သူလူထုရဲ့ အင်အားနဲ့ စစ်အာဏာရှင်ကို တွန်းလှန်ပြီး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာကို ရင်ပေါင်တန်း နေတာကို အားကျအတုယူပြီး နိုင်ငံရေးခေါင်းဆောင်များရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှုတွေနဲ့ မြန်မာနိုင်ငံသားတိုင်းရင်း သား ပြည်သူ လူထုတစ်ရပ်လုံးက စည်းလုံး ညီ ညွှတ်စွာနဲ့ ကျရာတာဝန်ကိုထမ်းပြီး စစ်အာရှင်ကိုတွန်းလှန်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေဗျာ။
မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံး ရောက်လေရာအရပ်တိုင်းမှာ အဆင်ပြေ စိတ်ချမ်းသာမှုအပေါင်းနဲ့
ပြည့်စုံကြပါစေလို့ ဆုတောင်း လိုက် ပါတယ်။

ကိုလူချစ် (ကိုရီးယား) ၃၁။၇။၀၉

Tuesday, December 8, 2009

Dubai အကြောင်း ၂

Dubai မြို့ သည် အကျယ်အားဖြင့် 3885 sq kilometer ရှိပြီး Dubai Creek ခေါ် ချောင်းငယ် ကလေး ၏ ကမ်းဘေး တွင် တည်ရှိပါသည်။ ယူအေအီး နိုင် ငံ ၏ ဒုတိယ အကြီး ဆုံး မြို့ဖြစ်ပါသည်။ Dubai Creek သည် Deira နှင့် Bur Dubai ကို ပိုင်း ခြားထားပါသည်။ မြောက်ဖက် ကမ်း မှာ Deira ဖြစ်၍ တောင်ဖက် ကမ်း မှာ Bur Dubai ဖြစ်ပါသည်။

ဒူဘိုင်း မြို့ ၏ရာသီဥတုမှာ အများအား ဖြင့် ကောင်းကင်မှာ တိမ်ကင်းစင် နေတတ်သော ရာသီဥတု ဖြစ်ပါသည်။ အပူဆုံး ကာလများမှာ June လမှ September လအထိဖြစ်ပြီး အအေး ဆုံး ကာလများ မှာ December မှ March လ အထိ ဖြစ်ပါသည်။ ဒူဘိုင်း မြို့ တွင် ရံဖန်ရံခါသာ မိုးရွာလေ့ရှိပါသည်။ အေးသော ကာလများ တွင် မြူ များ ပိတ်ဖုံး နေလေ့ရှိပါသည်။

Bur Dubai နှင့် Deira မှာ ရှေးအချိန်မှ စ၍ ဒူဘိုင်း မြို့ ရာဇ၀င်တွင် အရေးပါသော က`ဏ္ဍမှ ရှိပါသည်။ ယခု အချိန်တွင် Bur Dubai နှင့် Deira ကို တံတား နှစ်စင်း ၊ ရေအောက် ဥမင် တစ်ခု တို့ ဖြင့် ဆက်သွယ်ထားပါသည်။ ရှေး အခါကဲ့သို့ပင် Dubai Creek ကို စက်လှေပေါက်စ လေး များ ဖြင့်လည်း ကူး သွားလို့ ရပါသည်။ ယခု အခါ ၄င်း နှစ်နေရာစလုံးမှာ ဘုရားရှိခိုးကျောင်းများ ၊ လူနေအိမ်များ ၊ ဟိုတယ်များ ၊ ဈေးဆိုင်များ၊ ဆေးရုံများ စသည်တို့ ဖြင့် ပြည့်နှက်လျှက်ရှိပါသည်။ ထို့ကြောင့် ဒူဘိုင်း မြို့ ကို တိုးချဲ့ လာရာ မြောက်ဖက်ပိုင်းတွင် အိမ်နီးချင်း မြို့ ဖြစ်သော Sharjah အထိ တိုးချဲ့ခဲ့ပြီး ၊ အရှေ့ နှင့် အနောက် ပင်လယ်ကွေ့ တလျှောက်တွင် Satwa , Jumeirah , Umm Suqeim စသည်ဖြင့် တိုးချဲ့ခဲ့ပါသည်။

ဒူဘိုင်းမြို့တွင် ပြည်သူများ အပန်းဖြေရန်နှင့် ခရီးသွားဧည့် သည်များ ဆွဲဆောင်နိုင်ရန် အပန်းဖြေ ကမ်းခြေ များ ၊ ပန်းခြံ များစွာရှိပါသည် ။ ထင်ရှားသော ကမ်းခြေနှင့် ပန်းခြံများမှာ Jumeirah Beach and Park , Dubai Creek Side Park, Mushrif Park, Al Mamzar Beach and Park, Safa Park စသည်ဖြင့်များစွာရှိပါသည်။

ဒူဘိုင်း အစိုးရသည် နိုင်ငံခြားသား အလုပ်သမားများထံမှာ ၀င်ငွေခွန် ကောက်ခံခြင်းမရှိပါ။ ( မြန်မာနိုင်ငံသားများ အတွက် မြန်မာနိုင်ငံ ကိုတော့ အခွန်ဆောင်ရမည် ) ဒူဘိုင်း သို့ လာရောက်ရင်းနှီးမြှုပ်နှံ သောလုပ်ငန်းရှင်များ ကိုလည်း ရေနံလုပ်ငန်း နှင့် ဘဏ်လုပ်ငန်း မှလွဲ ၍ အခွန်ကောက်ခံခြင်း မရှိပါ။ ဆိပ်ကမ်းတွင် အချို့ ကောက်ခံသော ကုန်စည်ခွန်မှာ ၄ ရာခိုင်နှုန်းဝန်းကျင်သာ ဖြစ်ပါသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း မှာ အောင်မြင်မှူ ရရှိသောကြောင့် ဒူဘိုင်းတွင် ဟိုတယ်များ ၊ အပန်းဖြေရိပ်သာများ မှာ စီးပွားရေးအရ အောင်မြင်သော နေရာများဖြစ်ကြပါသည်။ ဒူဘိုင်းမြို့တွင် နိုင်ငံတကာ အဆင်မီ ဟိုတယ်ကြီးများစွာရှိပါသည်။ ( နောက်ပိုင်းမှ သီးသန့်ရေးပေးပါမည်)

ဒူဘိုင်းမြို့သည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အားလျှော်စွာ မရှိမဖြစ် နေ့မနားညမနား ကြိုးစားလုပ်ဆောင်နေသော လုပ်ငန်းမှာ ဆောက်လုပ်ရေး နှင့် လမ်း ဖြစ်ပါသည်။ ထို့ကြောင့် အင်ဂျင်နီယာ လောက သည်လည်း ဒူဘိုင်းမြို့ တွင် အခြေအနေကောင်းသော လုပ်ငန်းဖြစ်ပါသည်။

ဒူဘိုင်းမြို့ တွင် လူတိုင်းကြုံ ဖူးသော ပြဿနာ တခုမှာ Traffic Jump ဖြစ်ပါသည်။ ဒူဘိုင်းမြို့သည် ကားအရမ်းပေါသောမြို့ ဖြစ်သည့်အပြင်၊ ကားမှအပ အခြား ယာဉ် မရှိသလောက် ဖြစ်သောကြောင့် သွားရေးလာရေး အတွက် ခက်ခဲပါသည်။ သို့သော် ယခုအခါ မီးရထားလမ်းများ ဖောက်လုပ်လျှက်ရှိရာ ပြီးစီး လု ပြီဖြစ်ပါသည်။

၂၀၀၇ ခုနှစ် စစ်တမ်း အရ ဒူဘိုင်းမြို့ တွင် နိုင်ငံ ပေါင်း ၂၀၀ ကျော် မှ လူမျိုးများ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိပါသည်။ အများဆုံးမှာ အိန္ဒိယလူမျိုး ဖြစ်ပြီး ၊ ဖိလစ်ပိုင် ၊ နီပေါ ၊ ပါကစ်စတန် ၊ ဘင်္ဂလားဒေ့ရှ် .... စသည့် အာရှနိုင်ငံများ အပြင် အခြား အာဖရိက ၊ ဥရောပ ၊ အမေရိက နှင့် အနောက်နိုင်ငံ များစွာမှလူမျိုးများ လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိပါသည်။

ယခုအခါ ကမ္ဘာစီးပွားရေးဂယက်ရိုက်မှူ ကြောင့် ဒူဘိုင်းနိုင်ငံ ၏ စီးပွားရေးလုပ်ငန်းများမှာလည်း အထိုက်အလျှောက် ထိခိုက်မှူ ရှိပြီး လုပ်ငန်း အချို့မှာ ရပ်ဆိုင်းခြင်း ၊ အလုပ်သမားလျှော့ခြင်း ၊ အချိန်ပို ဖြတ်ခြင်း စသည်ဖြင့် ကြုံတွေ့နေကြရပါသည်။

ဆက်လက်ဖော်ပြပေးပါမည်

လေးစားစွာဖြင့်
နေစိုးနိုင်

U . A . E သမိုင်း နှင့် Dubai အကြောင်း ၁


U.A.E ( United Arab Emirates )
ယူအေအီး နိုင်ငံဆိုသည်မှာ အာရပ်စော်ဘွားများ ၏ ဒေသများ ကို စုပေါင်းထားသော နိုင် ငံ
(အာရပ်စော်ဘွားများ ပြည်ထောင်စု) ကို ခေါ်ပါသည်။ Arabian Peninsula ၏ အရှေ့တောင်ဖက် တွင်တည်ရှိပါသည်။ နိုင် ငံ အကျယ် အ၀န်း မှာ 83,000 sqkm
( 32,278 sqmi) ရှိပါသည်။
ပေါင်းစုထားသော စော်ဘွားဒေသများ မှာ ၇ (ခုနစ်) ခုရှိပါသည်။ ၄င်းတို့မှာ ..

1. Abu Dhabi

2. Dubai

3. Sharjah

4. Ajman

5. Umm Al Quiwain

6. Ras Al Khaimah

7. Fujairah

တို့ဖြစ်ကြပါသည်။ အဘူဒါဘီ ( Abu dhabi ) သည် မြို့တော်ဖြစ်ပြီး အကြီး ဆုံးမြို့ လည်း ဖြစ်ပါသည်။


Dubai ၏ အဓိပ္ပါယ် အမျိုးမျိုးရှိပါသည်။ အချို့က ဒူဘိုင်းဆိုသည်မှာ Combination of Two Brother လို့ Farsi စကား နဲ့ အဓိပ္ပါယ်ရသည် ဟု ဆိုကြသည်။ Two Brothers ဆိုသည်မှာ Deira နှင့် Bur Dubai ဟု အဆိုရှိပါသည်။ အချိ့ ကတော့ ဈေးနာမည် Daba ဆိုသည်မှ တဖြည်းဖြည်း ပြောင်းလဲလာသည့် နာမည် ဖြစ်သည်ဟု ဆိုပါသည်။ Saudi Arbia နိုင်ငံ ရှိ Riyadh နှင့် Ad Dammam ကြားတွင်လည်း Dubai ဟုခေါ်တွင်သော နေရာ တခု ရှိပါသေးသည်။

1833 - 1958
၁၈ ရာစု အချိန်ထိ Dubai ဆိုသည်မှာ တံငါလုပ်ငန်း လုပ်သော ရွာကလေးမျှသာဖြစ်လေသည်။ ဒူဘိုင်း ကိုဦးဆောင်သော ရွာသူကြီးမှာ Bani Yas အမည်ရှိ ပုဂ္ဂိုလ်ဖြစ်လေသည်။

1833 တွင် Al Bu Falash နှင့် အပေါင်းအပါနောက်လိုက်များ Abu Dhabi မှခွဲထွက်ချိန် တွင် Al Maktoum မိသားစု သည် အဆိုပါတံငါရွာလေး တွင် စတင် အခြေချ ၍ ဦးဆောင်မှူ ပေး ခဲ့လေသည်။

Sheikh Maktoum bin Buti သည် ငယ်ရွယ်သော်လည်း ရွာကလေး အား ကောင်းစွာ ခေါင်းဆောင်မှူ ပေးနိုင်ခဲ့လေသည်။ လူဦးရေတိုးပွားလာသည်နှင့် အမျှ တံငါရွာကလေး အဆင့်မှ ကုန်သည်များ ရောင်းဝယ် ဖောက်ကား ရာ အချက်အချာ ကျသော ဆိပ်ကမ်းမြို့ ကလေး ဖြစ်လာ ခဲ့ပါသည်။ လူဦးရေတိုးပွား လာသည်နှင့် အမျှ ခရိုင်မြို့ အဆင့်ထိ ဖြစ်လာခဲ့ပါသည်။ Deira သည် အဓိကနှင့် အကြီးဆုံး ကုန်းသွယ်ရေး ဌာန တစ်ခု ဖြစ်လာခဲ့ပါသည်။

မြည်းနှင့် ကုလားအုပ် များကို လမ်းပန်းဆက်သွယ်ရေး တွင် အသုံးပြုကြသည်။ Bur Dubai နှင့် Deira ကို ယနေ့ခေတ်မှာ ကဲ့သို့ ပင် လှေငယ်ကလေးများ နှင့် ကူးကြရသည်။ လှေငယ်ကလေးတွေကို Abra ဟုခေါ်ပါသည်။

လျှပ်စစ်မီးကို 1952 တွင် စတင် အသုံးပြုခဲ့သည်။ မီးပြောင်းများ ၊ မီးအိမ်များ ၊ (လျှပ်စစ်) ဖယောင်းတိုင်များ ကို Oman မှတင်သွင်းပါသည်။ အဓိက မှာ ထမင်းချက် ၊ ကောဖီဖျော် ... စသည့် နေရာများတွင် အများဆုံး အသုံးပြုလာကြပါသည်။
( ကျွန်တော် နေခဲ့တဲ့ ၄ နှစ်တာ ကာလ (၂၀၀၅-၂၀၀၉) တခါမှ မီးမပျက်ဖူးပါ ... ကွာပါ့ .)

သောက်သုံးရေအဖြစ် ရေချို ကို Dubai အနီး ရှိ ရေတွင်းများ မှ ရရှိပါသည်။

20 ရာစုရောက်လာတဲ့ အခါမှာ ဒူဘိုင်းဟာ အချက်အချာ ကျသော ဆိပ်ကမ်းမြို့ အဖြစ်ရောက်ရှိလာခဲ့ပါသည်။ ၁၉၃၀ ၀န်းကျင်တွင် ဒူဘိုင်းမြို့ ၏ လူဦးရေမှာ 20,000 (နှစ်သောင်းခန့် ရှိလာခဲ့ပါသည်)။

၁၉၅၀ ၀န်းကျင်တွင် ဒူဘိုင်းဆိပ်ကမ်း သို့ ဆိုက်ရောက်လာသော သင်္ဘော အရေအတွက် တနေ့တခြား တိုးလာသောကြောင့် Sheik Rashid bin Saeed Al Maktoum သည် ကုန်စည် ဖလှယ်ရေး အတွက် အရေးပါသော ဆိပ်ကမ်း တစ်ခု ဖြစ်အောင် ကြိုးစား ဆောင်ရွက် နိုင်ခဲ့ပါသည်။

၁၉၆၆ တွင် ရေနံကို စတင် တွေ့ရှိပြီးနောက်ပိုင်း Sheikh Rashid သည် ကျောင်းများ ၊ဆေးရုံများ ၊ အဆောက်အဦးများ ၊ လမ်း များ ၊ ခေတ်မီ ဆက်သွယ်ရေး ကွန်ယက်များ ကို စီမံကိန်းများ ချ၍ အဆက်မပြတ် တည်ဆောက်ခဲ့ပါသည်။ နိုင်ငံတကာ လေဆိပ် ကိုလည်း တိုးချဲ့ ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် လူဖန်တီးသော (သဘာဝ မဟုတ်သော)အကြီးဆုံး ပင်လယ် ဆိပ်ကမ်း အဖြစ် Jebel Ali သင်္ဘော ဆိပ်ကမ်းကို တည်ဆောက်နိုင်ခဲ့ပါသည်။

၁၉၆၀ ၀န်းကျင်တွင် Abu Dhabi စော်ဘွား Sheikh Zayed bin Sultan Al Nahyan နှင့် Dubai စော်ဘွား Sheikh Rashid bin Saeed Al Maktoum တို့သည် အာရပ်စော်ဘွားများ ပြည်ထောင်စု ( United Arab Emirates ) ကို တည်ထောင်ရန်ကြိုးစားခဲ့ပါသည်။ နောက်ပိုင်းတွင် Abu Dhabi , Dubai, Sharjah , Ajman , Umm Al Quawanin နှင့် Fujairah စုစုပေါင်း မြို့ ၆ မြို့ ကို ပေါင်းစည်းနိုင်ခဲ့ပါသည်။ ၁၉၇၂ တွင် Ras Al Khaimah မြို့သည် လည်း UAE အတွင်းသို့ဝင်ရောက်လာပြီး စုစုပေါင်း မြို့ ၇ (ခုနစ်) မြို့ ဖြင့် UAE နိုင်ငံကို တည်ထောင်နိုင်ခဲ့ပါသည်။

ပထမဆုံး UAE နိုင်ငံ၏ President ဟောင်း Sheik Zayed ၏လက်ထက်တွင် UAE နိုင်ငံသည် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင်နိုင်ငံ အဖြစ် တိုးတက် လာခဲ့ပါသည်။

၂၀၀၇ ခုနှစ် စစ်တမ်း များ အရ ယူအေးအီး နိုင် ငံ ၏ လူဦးရေမှာ ၅.၆ သန်း ရှိပြီး အာရဗီ စကားမှာ နိုင်ငံသုံး စကားဖြစ်ပြီး အစ္စလမ် ဘာသာ မှာ နိုင်ငံတော် ဘာသာဖြစ်ပါသည်။ ( Razam ဥပုသ် လ တွင် နေ့ပိုင်း ဆိုင်များ ပိတ်၍ ညပိုင်း တွင်ဖွင့်ပါသည် ) ယူအေးအီး နိုင်ငံတွင် Diharm အမည်ရှိ ငွေကြေးကို သုံးစွဲပါသည်။ ငွေတန်ဖိုးမှာ အမေရိကန် ၁ ဒေါ်လာသည် Diharm 3.67 နှင့် ညီမျှပါသည်။
( Exchange တွေမှာ 3.8 နဲ့ပဲတွက်တာများပါတယ် )

UAE နိုင်ငံကို 1820 မှ စ၍ Trucial State (သို့) Trucial Coast အဖြစ်သုံးစွဲခဲ့ပါသည်။ 1971 ခုနှစ်တွင်မှ ဗြိတိန်နိုင်ငံ ဆုတ်ခွာသွားခဲ့ပါသည်။ ( ကိုလိုနီပါပဲ)နောက်ပိုင်းမှ သာ UAE ဟူ၍ ဖြစ်လာခဲ့ပါသည်။

UAE နိုင်ငံတွင် အာဏာ အရှိဆုံးမှာ Supreme Councial ဖြစ်ပြီး အထက်ဖော်ပြပါ မြို့ ၇ မြို့ မှာ သက်ဆိုင်ရာ စော်ဘွား ၇ ယောက်ပါဝင်သော အဖွဲ့ အစည်းဖြစ်ပါသည်။ Supreme Councial ၏ အဓိက တာဝန်မှာ နိုင်ငံနှင့်ပတ်သက်သော တရားဥပဒေ ထုတ်ပြန်ခြင်း ၊ President ရွေးချယ် တင်မြှောက်ခြင်း တို့ဖြစ်ပါသည်။ President သက်တမ်း မှာ တကြိမ်လျှင် ၅ နှစ် ဖြစ်ပါသည်။ သို့သော် အကြိမ် အရေအတွက် ကန့်သတ်ချက်မရှိပါ။

UAE နိုင်ငံ ၏ President အဖြစ် Sheik Zayed Bin Sultan Al Nahyan မှ တာဝန်စယူ ခဲ့ပြီး ၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်း တွင် ကွယ်လွန် သွားခဲ့ပါသည်။

ယခု လက်ရှိ President မှာ Sheik Khalifa Bin Zayed Al Nahyan ( Abu Dhabi စော်ဘွား) ဖြစ်ပြီး Prime Minister မှာ Sheik Mohammed Bin Rashid Al Maktoum ( Dubai စော်ဘွား ) ဖြစ်ပါသည်။

စော်ဘွားများ နေထိုင်ရာ ဒေသ ၇ ခု စလုံး တွင် သက်ဆိုင် ရာ ဒေသတွင်း အစိုးရ ရှိပါသည်။ ဒေသအချင်းချင်း နိုင်ငံရေး ၊ စီးပွားရေးများကို ပူးပေါင်းဆောင်ရွက်ကြပါသည်။

ရေနံမှာ အဓိက ထုတ်ကုန် ဖြစ်ပြီး Abu Dhabi မြို့မှ ဦးဆောင် ကာ လုပ်ကိုင်ပါသည်။ ယခုနှစ်များ အတွင်းတွင် UAE နိုင်ငံ ၏ ခရီးသွားလုပ်ငန်း မှာ များစွာတိုးတက်လာ ပါသည်။ ခရီသည်များ ကို အဆင့်မြင့် ဟိုတယ်ကြီးများ၊ အားကစား ပွဲများ၊ ကန္တာရ ဆောင်းဝင် ရာသီဥတု စသည်တို့ ဖြင့် ဆွဲဆောင် ပါသည်။


UAE နိုင်ငံ နှင့်ပတ်သက်သော သမိုင်း အကျဉ်းဖြစ်ပါသည်။ Dubai သမိုင်းနှင့် ပတ်သက်သော အကြောင်း ကို အပိုင်း ၂ အဖြစ် ရေးသားပေးပါမည်။
( ကျွန်တော် ရေးသော စာများ မှာ အစီစဉ်ကျချင်မှ ကျပါလိမ့်မည်။ ယူအေးအီး နိုင်ငံ နှင့် ပတ်သက်ပြီး လေ့လာလိုက် ရေးလိုက်လုပ် နေရသောကြောင့်ဖြစ်ပါသည်။ အားလုံးခြုံငုံ မိသောအခါ ဒူဘိုင်း နှင့်ပတ်သက်၍ ယူအေးအီးနှင့်ပတ်သက်၍ အနည်းငယ် စမ်းဝါး မိ ခဲ့လျှင်တောင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်သည် ဟုခံယူပါသည်။ မပြည့်စုံသည်များ ကိုတွေ့ရှိပါက တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်း ကူညီပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ... )

လေးစားစွာဖြင့်
နေစိုးနိုင်

Thursday, November 26, 2009

Schloss Neuschwanstein နှင့် the fairy tale king

Schloss Neuschwanstein ကို ငွေငန်းဖြူကျောက်သားရဲတိုက် လို့ ခေါ်ရင် ရမလားမသိဘူး။ Schwan ဆိုတာက ငန်း၊ Stein က ကျောက်တုံး ဆိုတော့လေ။ Neu ဆိုတာကတော့ အသစ် new လို့ပြောတာ။ Schloss ကတော့ ရဲတိုက်။ တကယ်လည်း ငန်းဖြူကြီးတကောင်းလို လှလှပပ ကြော့ကြော့မော့မော့ ရှိလှတယ်။ တည်ဆောက်ထားတဲ့နေရာကလည်း တောင်တွေပတ်လည် ကာရံထားတဲ့ တောင်ထွဋ်တခုပေါ်မှာ ရှိတဲ့ကွက်လပ်ကို အပြည့်ဆောက်ထားတာ။ ရဲတိုက်တခုလုံး ပေါ်တဲ့ဓါတ်ပုံရဖို့ တခြားတဖက်က တောင်ကြောကို တက်ပြီးရိုက်ခဲ့ရတယ်။ အမေရိကားက Disneyland Park နဲ့ Hong Kong Disneyland တို့မှာရှိတဲ့ Sleeping Beauty Castle ဆိုတဲ့ စိတ်ကူးယဉ်ဒဏ္ဍာရီ ရဲတိုက်ပုံစံဟာ ဒီ Neuschwanstein ကို အခြေခံပြီး ဆောက်ထားတာတဲ့။ အဲလောက်လှပလွန်းလို့လည်း ရုပ်ရှင်တွေထဲမှာလည်း မကြာခဏ ပါလေ့ရှိတယ်။ ဂျာမဏီကို လာလည်ရင်တော့ တခြားဘယ်မှ မရောက်ရင်နေ ဒီကိုတော့ ရောက်မှဖြစ်မယ်လို့ ပြောရလောက်အောင် ခရီးသွားဧည့်သည်တွေကို အဆွဲဆောင်ဆုံး နေရာတခုပါ။ ဒီရဲတိုက်ကို တနှစ်တနှစ် လာလည်သူပေါင်း ၁.၃သန်းလောက်ရှိပြီး နွေရာသီ ဇူလိုင်နဲ့ သြဂုတ်လတွေမှာဆိုရင် တနေ့တည်းနဲ့ ဧည့်သည်ပေါင်း တသောင်းကျော် ရှိတတ်ပါတယ်တဲ့။ ဒီမှာ ဘုရင်စံမြန်းစဉ် ကာလတုန်းက ဧည့်သည်တွေကို လာရောက်ကြည့်ရှုခွင့်မပေးခဲ့ပေမယ့် သူနတ်ရွာစံပြီးတဲ့ အချိန် ၁၈၈၆ ခုနှစ်ကစလို့ အများပြည်သူအတွက် ဖွင့်ပေးခဲ့ရာမှာ ယနေ့အထိ လာရောက်လည်ပတ် ခဲ့သူ စုစုပေါင်း သန်း ၅၀ ရှိပါပြီ။

ဆောင်းတွင်း နှင်းဖုံးနေတဲ့ပုံ....ဒီရဲတိုက်ကြီးဟာ ဒဏ္ဍာရီပုံပြင်တွေထဲက ရဲတိုက်တွေလို လှပသလို ဆောက်ခဲ့တဲ့ဘုရင်ကိုလည်း သူ့ဘ၀ဇာတ်ကြောင်းအရ ဂျာမဏီသမိုင်းမှာ ဒဏ္ဍာရီဆန်သောဘုရင်ရယ်လို့ ခေါ်ဆိုကြပါတယ်။ သူက Bavaria ပြည်ရဲ့ ဒုတိယမြောက် လူးဝစ်ဘုရင် Otto Friedrich Wilhelm Ludwig (၁၈၄၅ – ၁၈၈၆) ပါ။ ဖခမည်းတော် နတ်ရွာစံတဲ့နေ့ (၁၈၆၄) မှာ ချက်ချင်း ဘုရင်ဖြစ်လာတော့ သူ့အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ အရပ် ၁.၉၃ မီတာမြင့်တဲ့ ဘုရင်ငယ်ငယ် ချောချောလေးပါ။ ဘုရင်ဖြစ်လျှင်ဖြစ်ခြင်းပဲ ယဉ်ကျေးမှုအနုပညာရပ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တယ်။ အထူးသဖြင့်တော့ သူက ဂီတစာဆို Richard Wagner ရဲ့ အော်ပရာပြဇာတ်တွေကို ကြိုက်တယ်။ သူ ၁၆နှစ်သားမှာ Wagner ရဲ့ အော်ပရာတွေကို စပြီးကြည့်ခွင့်ရကတည်းက Wagner ရဲ့ ပြဇာတ်နဲ့ ဒဏ္ဍာရီပုံပြင်တွေဟာ သူ့ကို တော်တော် ဖမ်းစားခဲ့တယ်။ အဲဒီကတည်းက သူဟာ လက်တွေ့မကျတဲ့ ဒဏ္ဍာရီပုံပြင်ကမ္ဘာမှာ အရမ်းကို ပျော်မွေ့ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

Wagner ပြဇာတ်တွေကို အစွဲကြီး စွဲခဲ့တာကြောင့် ၁၈၆၄ မှာ သူဘုရင်လည်းစဖြစ်ရော Wagner နဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ ၊ Wagner အော်ပရာဇာတ်ရုံဆောက်နိုင်ဖို့၊ ပြဇာတ်တွေရေးနိုင်ဖို့ ငွေအမြောက်အများသာမက မြူးနစ်မှာနေဖို့ အိမ်ပါ ပံ့ပိုးပေးခဲ့တယ်။ ပြောရရင်တော့ Richard Wagner ဟာ လူးဝစ်အတွက် သူငယ်ချင်းမိတ်ဆွေ ဆိုလည်းဟုတ်၊ အဖေအရွယ်မို့ ဖခင်အစားရသလိုလည်းဖြစ်လို့ သူ့အပေါ် Wagner ဟာ တော်တော် လွှမ်းမိုးခဲ့ပါတယ်။ ဘုရင်ဖြစ်ဖြစ်ချင်း ၁၈၆၄ ကနေ ၁၈၆၅ ထိ တနှစ်တည်းအတွင်းမှာကိုပဲ Wagner အတွက် ငွေတွေသောက်သောက်လဲ သုံးစွဲခဲ့တာကြောင့်ရော၊ ဘုရင်ရဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ မှာပါ Wagner ရဲ့ အယူအဆတွေက လွှမ်းမိုးခဲ့တာကြောင့်ရော တိုင်းသူပြည်သားတွေ၊ သူ့အစိုးရအဖွဲ့နဲ့ သူ့ဆွေတော်မျိုးတော်တွေ ကိုယ်တိုင်ကပါ မကြည်ဖြစ်လာတာကြောင့် Wagner ဟာ မြူးနစ်ကနေ ဆွစ်ဇာလန်ကို ရှောင်တိမ်းခဲ့ရတယ်။
ဒီလိုနဲ့ ၁၈၆၆ မှာ ဘာဗားရီးယားနဲ့ သြစတီးယားကတဖက်၊ Preussen ကတဖက် စစ်ဖြစ်ကြတော့ ဒဏ္ဍာရီပြဇာတ်ကမ္ဘာမှာသာ ပျော်မွေ့ခဲ့ပြီး စစ်ရေးအကြောင်း ဘာမှနားမလည်တဲ့ လူးဝစ်ဟာ စစ်ရေးစစ်ရာကို သူ့ရဲ့ဝန်ကြီးတွေနဲ့ လွှဲထားပြီး သူကတော့ ခေတ္တရှောင်တိမ်းနေတဲ့ Wagner ကို တွေ့ဖို့ ဆွစ်ဇာလန်ကို သွားခဲ့ပါတယ်။ Preussen တွေ စစ်နိုင်လို့ ဘာဗားရီးယားက နယ်မြေအချို့နဲ့ အဲဒီခေတ်အခါက ငွေကြေး သန်း ၃၀ ကို စစ်လျော်ကြေးအဖြစ် ပေးအပ်ခဲ့ရတယ်။ ဘုရင်အနေနဲ့ သူလုပ်ခဲ့တာဆိုလို့ တလအကြာ တိုင်းပြည်ထဲက တောရွာတွေမှာ စနည်းနာခရီး ထွက်ခဲ့တာပဲ ရှိတယ်။ ကျန်တဲ့ တချိန်လုံးကတော့ သူဆောက်ခဲ့တဲ့ ရဲတိုက်တွေမှာသာ စံမြန်းပျော်မွေ့ခဲ့ပါတယ်။

Wagner ရဲ့ ပြဇာတ်တွေကို အခြားပွဲကြည့်ပရိသတ်မပါ သူ့တယောက်တည်းအတွက် အစအဆုံး ကပြဖျော်ဖြေစေတယ်။ ယနေ့ နာမည်ကြီး Richard-Wagner-Festspielhaus ဆိုတဲ့ ပြဇာတ်ရုံကိုဆောက်ဖို့လည်း ငွေကြေးအကုန်အကျခံခဲ့တယ်။ အဲလိုအော်ပရာတွေကို ကြိုက်တဲ့အပြင် သူ့ရဲ့အခြားဝါသနာတခုက ရဲတိုက်များ တခုပြီးတခု ဆောက်လုပ်ခြင်းပါ။ သူ့ရဲ့ ၀ါသနာကြောင့် သူသုံးစွဲခွင့်ရတဲ့ ငွေအပြင် အကြွေးအမြောက်အများ တင်ခဲ့ရတယ်။ ဒီ Neuschwansteinကတော့ သူ့ရဲ့နောက်ဆုံးရဲတိုက်ပေါ့။ ဒီရဲတိုက်ကို ဒဏ္ဍာရီဆန်ဆန် လှလှပပဖြစ်စေဖို့ နေရာစိတ်ကြိုက်ရွေးပြီး ဆောက်စေခဲ့တယ်။ ဒီထဲကို ဘယ်သူ့မှ ပေးမလာဖို့ စိတ်ကူးခဲ့တယ်။ လူထုနဲ့ တဖြည်းဖြည်း ကင်းကွာသည်ထက် ကင်းကွာလာခဲ့တယ်။ အရက်အလွန်အကျွံသောက်လို့ ယခင်ချောမောလှပခဲ့တဲ့ မျက်နှာဟာ သူ့ရဲ့နောက်ဆုံးနှစ်တွေမှာ ဖောရောင်နေပါပြီ။ နောက်ဆုံးတော့ အစိုးရက သူ့ကို ကုသ၍မရနိုင်တော့တဲ့ စိတ်ရောဂါ စွဲကပ်နေသူဆိုပြီး ဆရာဝန်လေးဦးရဲ့ ဆေးစစ်ထောက်ခံချက်ရယူကာ နန်းချလိုက်ပါတော့တယ်။ (ဆရာဝန်တွေကို တကယ်မစစ်ခိုင်းပဲ လက်မှတ်ပဲရယူတာပါ။) ၁၈၈၆ ဇွန်လ ၁၁ ရက် ညသန်းခေါင်မှာ လူးဝစ်ဘုရင်ကို သူနေထိုင်ရာ ဒီ Neuschwanstein ရဲတိုက်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး Schloss Berg ဆိုတဲ့ ရဲတိုက်ကို ပို့လိုက်ပါတယ်။ သူ့ကို လာဖမ်းသွားတဲ့ အဖွဲ့မှာ ဆရာဝန်လေးဦးထဲက တဦးဖြစ်တဲ့ ပရော်ဖက်ဆာ Bernhard von Gudden လည်းပါတယ်။ ဇွန်လ ၁၃ ရက်၊ ညနေ ၆နာရီခွဲလောက်မှာ သူတို့နှစ်ယောက်သား Schloss Berg ရဲတိုက်ပန်းခြံထဲ လမ်းလျှောက်ထွက်သွားကြရာမှာ ပြန်ရောက်မလာတော့ပဲ အဲဒီနားက Starnberger See ရေကန်က ရေတိမ်တိမ်မှာ နှစ်ယောက်လုံး သေနေတာကို တွေ့ကြရတယ်။

အစိုးရက ထုတ်ပြန်တာကတော့ လူးဝစ်က ကိုယ့်ကိုယ်ကို သေကြောင်းကြံတာကို Gudden ကတားရင်းနဲ့ သူပါရောသေသွားရတာတဲ့။ လူတွေကတော့ မယုံကြပါဘူး။ အစိုးရသတ်လိုက်တယ်လို့ ထင်ကြေးပေးကြပါတယ်။ အမှန်ကိုတော့ ဘယ်သူမှ ယနေ့ထိ မသိကြပါဘူး။ သူ့မှာ လက်ထပ်မယ့်ချစ်သူ ရှိခဲ့ပေမယ့် မင်္ဂလာပွဲအတွက် ငွေသန်းနဲ့ချီအကုန်ခံ စီစဉ်ပြီးတာတောင်မှ သူ့ဖက်က အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။ လက်မထပ်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း လူးဝစ်ဘုရင်ဟာ ဆန့်ကျင်ဘက် လိင်အပေါ်မှာ စိတ်ဝင်စားမှု နည်းပါးတယ်လို့ ထင်ကြေးပေးကြပါတယ်။ ပြောရရင်တော့ သူနဲ့ ပတ်သက်သမျှဟာ ပဟေဠိတွေချည်းပါပဲ။ ဒါကြောင့်လည်း ဒဏ္ဍာရီဆန်သောဘုရင် ရယ်လို့ ဆိုကြတာ နေမှာပေါ့လေ။ သူသေသွားချိန်မှာ Neuschwanstein ဆောက်တာ ၁၇ နှစ်ကြာခဲ့ပေမယ့် သူဆောက်လိုခဲ့တဲ့ အတွင်းအခန်းအားလုံး အပြီးမသပ်ရသေးပါဘူး။ စဆောက်တဲ့ ၁၈၆၉ ခုနှစ်ကနေ သူသေဆုံးချိန် ၁၈၈၆ အထိ သူဒီမှာနေသွားရတာ ၁၇၂ ရက်ပဲ ရှိခဲ့ပါတယ်။ ဒီရဲတိုက်ဟာ သူဆောက်ခဲ့တဲ့ ရဲတိုက်တွေထဲမှာ အကျော်ကြားဆုံးပါ။ ဒီက ဗိသုကာပညာနဲ့ အတွင်းခန်းအပြင်အဆင်တွေဟာ ၁၉ ရာစုမှာတော့ ထိပ်ဆုံးကပါပဲတဲ့။

တောင်ခြေစခန်းကနေ တောင်ပေါ်တ၀က်က ရဲတိုက်ကို လှမ်းမြင်နေရတယ်.....ဒီ Neuschwanstein ကို လူးဝစ်က သူ့တယောက်တည်းအတွက် ဆောက်ခဲ့ပေမယ့် သူသေဆုံးပြီး ၆ ပတ်အကြာမှာပဲ အများပြည်သူအတွက် ဖွင့်ပေးခဲ့ပါတယ်။ လူးဝစ်သာသိရင်တော့ ဘယ်လိုနေမယ် မသိ။ ကျမအတွက်တော့ ဒီရဲတိုက်ကိုမြင်တိုင်း သူ့အကြောင်းကို တွေးမိတယ်။ ငွေငန်းဖြူရဲတိုက်ထက် တည်ဆောက်ခဲ့သူ ဘုရင်အကြောင်းကို ပိုစိတ်ဝင်စားတယ်။ သူ့မှာ နောက်ထပ်ရဲတိုက်တွေ ထပ်ဆောက်ဖို့ စီစဉ်ထားခဲ့တာတွေ ကျန်နေသေးတယ်တဲ့။ သူသေသွားလို့သာ ဒီရဲတိုက်က နောက်ဆုံးဖြစ်သွားတာ။

ဒီပုံက မတ်လမို့လို့ ရာသီဥတု သိပ်မကောင်းသေးဘူး။ ကျန်တဲ့ပုံတွေက ဇွန်လ။ အပြင်ပတ်လမ်းကနေ လျှောက်တက်ရတာ။ ဘတ်စ်နဲ့တက်လည်း ရတယ်...
ရဲတိုက်ရင်ပြင်ဝင်ပေါက်ကနေ အထဲကို ၀င်လာကြတဲ့ ဧည့်သည်တွေ.....
အထဲကို အလှည့်ကျ ၀င်ဖို့စောင့်နေတဲ့ ဧည့်သည်များ.....

ရဲတိုက်အတွင်းကနေ အပြင်ဖက်ကို လှမ်းရိုက်ထားတာ.....Neuschwanstein ရဲတိုက် တည်ရှိတဲ့နေရာကတော့ ဂျာမဏီနိုင်ငံ၊ ဘာဗားရီးယားပြည်နယ် အနောက်တောင်ဖက်မှာရှိတဲ့ Fuessen ဆိုတဲ့ မြို့မှာပါ။ သြစတီးယားနိုင်ငံ နယ်နမိတ်နဲ့ဆိုရင် ၅ ကီလိုမီတာ (၃ မိုင်) ပဲ ဝေးပါတော့တယ်။ ဒီမြို့ဟာ Lech မြစ်ကမ်းနံဖူးမှာ တည်ရှိပြီး Lech ဟာ Forggensee ရေကန်ထဲကို စီးဝင်ပါတယ်။ ဒါက ရဲတိုက်တည်ရှိရာ တောင်ပေါ်ကနေ Forggensee ရေကန်ကို ရိုက်ထားတာ.....

ဒါက လူးဝစ်ဘုရင် မွေးဖွားကြီးပြင်းခဲ့ရာ ရဲတိုက် Schloss Hohenschwangau...။ Neuschwanstein နဲ့ မနီးမဝေးမှာပဲ ရှိတာ။ ပြန်လည်မွမ်းမံနေတယ်.....ပုံ ၂ ၊ ၃ ၊ ၄ နဲ့ ၅ က ရောင်းတဲ့ပိုစတာတွေကို အနီးကပ်ရိုက်ထားတာ။ ကျန်တဲ့ပုံတွေကတော့ ကိုယ်ပိုင်ပုံတွေပါ။


Eiffel Tower


ပြင်သစ်တော်လှန်ရေး ရာပြည့်နှစ် အထိမ်းအမှတ်အဖြစ် ၁၈၈၇ – ၁၈၈၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ Eiffel Tower ကြီးဟာ ကမ္ဘာမှာတော့ ပြင်သစ်နိုင်ငံအတွက်ရော မြို့တော် ပဲရစ်မြို့အတွက်ပါ အမှတ်အသားတခု အဖြစ် ထင်ရှားပါတယ်။ တည်ဆောက်ခဲ့တဲ့ ပြင်သစ်အင်ဂျင်နီယာ Alexandre Gustave Eiffel ရဲ့အမည်ကို အစွဲပြုပြီး Gustave Eiffel မျှော်စင်လို့ အမည်တွင်ခဲ့တယ်။ မျှော်စင်ကိုယ်နှိုက်က အမြင့် ၃၀၀ မီတာ(၉၈၆ ပေ) ရှိပြီး အသံလွှင့်အင်တီနာထိပ်အထိ အတိုင်းအတာကို ယူမယ်ဆိုရင် ၃၂၄ မီတာ(၁၀၆၃ ပေ) ရှိလို့ ပဲရစ်မှာတော့ အမြင့်ဆုံး အဆောက်အဦးပါပဲ။ ဒါ့အပြင် ဆောက်ခဲ့တဲ့အချိန်ကစလို့ ၁၉၃၀ အထိလည်း ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦးတခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ Puddle iron နဲ့ တည်ဆောက်ထားတာဖြစ်ပြီး အလေးချိန်စုစုပေါင်း ၁၀ ၁၀၀ တန်လောက် လေးပါတယ်တဲ့။
တကယ်တော့ ဒီမျှော်စင်ကြီးဟာ စဆောက်ချိန်မှစပြီး အနှစ် ၂၀ သာ တည်ရှိစေဖို့ ခွင့်ပြုမိန့် ရခဲ့တာပါ။ ဆိုတော့.......၁၉၀၉ မှာ ပြန်ဖျက်ပစ်ရမယ် ဆိုတဲ့သဘောပေါ့။ ဒါပေမယ့် ဒီမျှော်စင်ကို ၂၀ ရာစုနှစ် အသစ်မှာ အရေးပါလှတဲ့ အသံလွှင့်ဆက်သွယ်ရေးအတွက် အသုံးပြုခဲ့တာကြောင့်မို့ ဆက်လက်ရပ်တည်ခွင့် ရခဲ့ပါတယ်။
အဲဒီခေတ်က ပဲရစ်မြို့သူမြို့သားတွေရဲ့ စိတ်မှာ ဒီမျှော်စင်ကို တယ်ဘ၀င်မကျလှပါဘူးတဲ့။ လမ်းမီးတိုင်ကြီး ၊ စက်ရုံကြီး စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်သမုတ် ခဲ့ကြတယ်။ ခုချိန်မှာတော့ ဒီ Eiffel မျှော်စင်ဟာ ကမ္ဘာ့အလှဆုံး ဗိသုကာဥပမာတွေထဲက တခုဖြစ်လာပြီး ပဲရစ်မြို့သားတွေကတော့ သူ့ကို အခုတော့ အထီးကျန်လုံမပျို ရယ်လို့ တင်စားကြပါတယ်။ ဒီမျှော်စင်ဟာ လူတွေကို ဖမ်းစားနိုင်လွန်းတဲ့ အတွက်လည်း မျှော်စင်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုတွေ အကြိမ် ၄၀၀ လောက် ဖြစ်ပွားခဲ့တယ်။ ဒါကြောင့် အခုတော့ ရှိသမျှ မျှော်စင်ပလက်ဖောင်းတွေကို သံဇကာ ကာထားလိုက်ပါပြီ။
ဒီကို လာလည်သူပေါင်းကလည်း မနည်းဘူး။ နှစ်စဉ် ဧည့်သည်ဦးရေ ၆သန်းလောက် ရှိပြီး ၂၀၀၂ ခုနှစ်မှာတော့ လာလည်သူ စုစုပေါင်း သန်း၂၀၀ ပြည့်ခဲ့ပါတယ်။ တည်နေရာကတော့ Seine မြစ်ရဲ့နံဘေး Champ de Mars ရင်ပြင်ပေါ်မှာပါ။

အပေါ်ကို တက်ကြည့်မယ်ဆိုရင် လည်စရာ အဆင့်သုံးဆင့် ရှိပါတယ်။ ပထမ(အောက်ဆုံး) နဲ့ ဒုတိယအဆင့်တွေကို ခြေကျင်ဖြစ်ဖြစ်၊ ဓါတ်လှေကားနဲ့ဖြစ်ဖြစ် တက်လို့ရတယ်။ လှေကားထစ် ၃၀၀ စီလောက်တော့ တက်ရမယ်။ အဲဒီအဆင့်တွေမှာ စားသောက်ဆိုင်လည်း ရှိတယ်။ ဒုတိယအဆင့်ပေါ်က ကြည့်ရင်တော့ ပဲရစ်မြို့ရှုခင်းကို အကောင်းဆုံးမြင်နိုင်တယ်။ အထူးသဖြင့်တော့ နေမ၀င်ခင် တစ်နာရီလောက်မှာ ရာသီဥတုကလည်း ကြည်လင်တယ်ဆိုရင် ပဲရစ်မြို့ရဲ့ အထင်ကရ အဆောက်အအုံတွေအားလုံး သေချာမြင်ရပါတယ်။ အပေါ်ဆုံးအဆင့်ကိုတော့ ဓါတ်လှေကားနဲ့သာ တက်လို့ရပြီး ဒီ ၂၇၄ မီတာမြင့်တဲ့ အဆင့်ကနေကြည့်ရင် ၆၇ ကီလိုမီတာ အကွာအဝေး အထိ တမျှော်တခေါ်ရှုခင်းကို မြင်ရမှာပါ။
နွေရာသီမှာဆိုရင် ဒီ Eiffel Tower ကြီးဟာ အပူချိန်ကြောင့် ၁၅ စင်တီမီတာလောက်ထိ ပွတက်လာတတ်ပြီး လေပြင်းပြင်းတိုက်တဲ့ အခါတွေမျိုးမှာ သူ့ရဲ့မျှော်စင်ထိပ်ပိုင်းဟာ အများဆုံး ၁၂ စင်တီမီတာလောက်ထိ ဟိုဖက်သည်ဖက် ယိမ်းယိုင်သွားတတ် ပါတယ်တဲ့။






Friday, November 6, 2009

သူငယ်ချင်းအားလုံးကို ဒီဓာတ်ပုံလေးနဲ့ ပက်သက်ပြီး ဗဟုတုတ မျှဝေချင်ပါတယ်...



ဒီဓာတ်ပုံလေးရဲ့  အဖြစ်ပျက်ကလေးဟာ (1988) စက်တင်ဘာလ (19)ရက်နေ့ ကပါ။ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ရဟန်းရှင်လူ၊ကျောင်းသားနဲ့ ပြည်သူတွေကို စစ်တပ်က လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းခဲ့လို့  ရန်ကုန်မြို့  မဟဗန္ဒုလပန်းခြံအလွန် ဆူးလေဘုရားလမ်းနဲ့  ကုန်သွယ်လမ်းထောင့်မှာ သွေးတန်အလိမ်းလိမ်းနဲ့  သနားစရာ မဝင်းမော်ဦး ရဲ့  ခန္ဒာကိုယ်ကိုသယ်ဆောင်လာသူ ဆရာဝန်(၂) ဦးကတော့ နောက်မှ ခန္ဒာကိုယ်ကို ပွေ့ ချီထားသူကတော့ ဒေါက်တာမင်းသိဏ်း ဖြစ်ပြီး ရှေ့ မှ ခြေထောက်ကိုင်ပွေ့ ချီလာသူကတော့ ဒေါက်တာစောလွင် ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုံးဟာ သုဝဏ္ဏ္ဏ မှဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လေးစားဖွယ်ဆရာဝန် ၂ ဦးရဲ့  အဖြစ်ပျက်လေးကတော့....

ဒေါက်တာမင်းသိဏ်း ဟာ အရေးခင်းအပြီး တောခိုရာကနေ ပြန်လာချိန်မှာ ဦးခင်ညွန့် ရဲ့  သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားတဲ့  "တောထဲက ပြန်လာသူတွေကို အရေးမယူပါဘူး သူတို့ ကို သတင်းပို့ပါ " ဆိုတဲ့  စကားကို ယုံစားပြီး သတင်းပို့ လိုက်ပါတယ်။ အဲဒီနောက် ထောက်လှမ်းရေးက လာခေါ်သွားပြီး (၁)ပတ်လောက်အကြာမှာပြန်ရောက်လာခဲ့တဲ့ အခါ ဒေါက်တာမင်းသိဏ်းရဲ့  မျက်နှာဟာ ဖောနေပြီး စီး သွားလို့ မရတော့ပဲ အသက်ရှူ လို့ လည်းမဝတော့ပါဘူး ။ ဒေါက်တာစောလွင် လာရောက်မေးတဲ့ အခါမှာတော့ သူ့ ကိုစစ်ကြောရေးက အမည်မသိတဲ့  ဆေးတစ်လုံး ထိုးပေးတဲ့ အကြောင်း အဲဒိဆေးရဲ့ affect လို့ ထင်ကြောင်းနဲ့  ယခုအခါမှာ စီး သွားလို့ မရကြောင်းနဲ့  အသက်ရှူအရမ်းကြပ်လာ ကြောင်းပြောပြပါတယ်။ ဒါကြောင့် ဒေါက်တာစောလွင်လည်း ဆေးရုံတင်ဖို့ ကြိုးစားချိန်မှာ ထောက်လှမ်းရေးကရောက်လာပြီး ဆေးရုံတင်လျှင် သူတိုစစ်ဆေးရုံ ပဲ တင်ခွင့် ရှိကြောင်း ပြောဆိုပါတယ်။ ဒေါက်တာမင်းသိဏ်းလည်း စစ်ဆေးရုံဆိုလျှင် မတက်ချင်ကြောင်းပြော၍ ဒေါက်တာစောလွင်ကုသသော်လည်း ရောဂါအခြေအနေ ဆိုးလာပြီး စီးမှသွေးများပါလာကာ အိမ်မှာပဲ ဆုံးသွားရှာပါတယ်။ ဒေါက်တာစောလွင်လည်း ထောက်လှမ်းရေးကို လုံးဝ အကြောင်းမကြားဘဲ ဆေးရုံတင်၍ခွဲ စိတ်ကြည့်ရာ ဒေါက်တာ မင်းသိဏ်းရဲ့ ကြောက်ကပ်ဟာ လုံးဝသေးပြီး ကျူံကျူံလေး ဖြစ်နေတာကို တွေ့ ရပါတယ်။

သူငယ်ချင်းဖြစ်သူ ဒေါက်တာမင်းသိဏ်း သေဆုံးရတဲ့  ဇစ်မြစ်ကို သိသူ ဒေါက်တာစောလွင် ဟာ ထောက်လှမ်းရေးမှလိုက်လံ ရှာဖွေနေတာကြောင့် တိမ်းရှောင်ခဲ့ ပါတယ်။ ၁၉၉၄ ခုနှစ်လောက် ဖခင်ဖြစ်သူ ရဲ့  အသုဘ ကို လိုက်ပို့ ရာမှ အပြန်ထောက်လှမ်းရေးမှ ဘာမှမလုပ်သည့်အတွက် ကိစ္စ ပြီးဆုံးသွားပြီး ထင်၍ အလုပ်ပြန်လျှောက်ခဲ့ ရာဘိုကလေးဘက်တွင် တာဝန်ကျခဲ့ပါတယ်။ ၁၉၉၅ လောက်မှာ သူဟာ အလုပ်မှ ခွင့်ယူ၍ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခွင့်ရရန် ရန်ကုန်သို့ သွားခဲ့ သော်လည်း အကြောင်းကြောင်းကြောင့် မတွေ့ ဆုံခဲ့ ရပါဘူး။ ဘိုကလေးသို့ ပြန်ရောက်ချိန်မှာတော့ သူ့ ကို ထောက်လှမ်းရေး(၃) ယောက်လာခေါ်ပြီး စစ်ကြောရေးသို့ ခေါ်ဆောင်သွားခဲ့ ပါတယ်။ (၁)ရက်နဲ့  (၁)ည ကြာပြီး ပြန်ရောက်ချိန်မှာတော့ သူဟာမည်သူ့ ကိုမှ စကားမပြောတော့ ပါဘူး။ နေ့ တိုင်း မ.ဝ.တ ရုံးကို သွားသွား သတင်းပို့ နေရတဲ့  ဒုက္ခကိုလည်း သူအတော်လေး စိတ်ဓာတ်ကျလာပါတယ်။ သူငယ်ချင်းတစ်ယောက်က အတင်းမေးတဲ့ အခါမှာတော့ သူ့ မှာ အတော် စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုရှိကြောင်းနဲ့ သူ့ ကြောင့် တခြားလူများကို ထပ်ပြီး ဒုက္ခရောက်မှာမလိုလားကြောင်းပြောပါတယ်။ အဲဒိနောက်မှာတော့ သူဟာ မည်သူနဲ့ မှစကားမပြောတော့ဘဲ အခန်းတခါးပိတ်ပြီး ပဲနေပါတော့တယ် (၁)ရက်(၂) ရက်လောက်အကြာသူငယ်ချင်းတွေ ချောင်းကြည့်ချိန်မှာတော့ သူ့ ပစ္စည်းလေးတွေ သိမ်းနေတာကြောင့် ရန်ကုန်ကိုပဲ ပြန်မလား တစ်နေရာရာကိုပဲ သွားတော့မလို့ လား ဆိုတဲ့ အတွေးနဲ့  ဒီအတိုင်းထားလိုက်ပါတယ်။ နောက်ရက်တွေမှာ လုံးဝ လုပ်ရှားမှူမရှိလို့  သူ့ အခန်းတံခါးတွေကို ရိုက်ချိုးပြီး ဝင်ကြည့်တော့ ဒေါက်တာစောလွင်ဟာ ကြိုးဆွဲချ ပြီး သူ့ ကိုယ်သူ စူစိုက်လုပ်၍ သေဆုံးနေပါပြီ။


ကိုလူထွေး ရဲ့ ဘလော့မှ အသံဖိုင်လေးကို ပြန်လည် ရေးသားထားခြင်းဖြစ်ပါကြောင်း။အသံဖိုင်လေးကို ဒီနေရာမှာ http://koluuhtwe.blogspot.com/search/label/%E1%80%95%E1%80%B1%E1%80%9F%E1%80%A0%E1%80%AD သွားရောက်နားဆင်နိုင်ပါတယ်။ တဆက်တည်းမှာပဲ သူငယ်ချင်းများ ထောက်လှမ်းရေးရဲ့  စစ်ဆေးပုံစစ်ဆေးနည်းများကိုဒီနေရာမှာ http://photayokeking.net/Articlesmm/second-lake.html သွားရောက်ပြီး ဖတ်ရှူ့ လေ့လာနိုင်ပါတယ်။


အားလုံးကို ခင့်တဲ့
ချက်ကြီး



ဓာတ်ပုံပဟေဠိ



ဒီဓာတ်ပုံအကြောင်း ဘယ်သူဘာပြောနိုင်သလဲ...?

ထုံးစံအတိုင်း "ဘ" ခြောက်လုံးကို ဖြေပေးရမှာဖြစ်ပါတယ်။

ဒီပုံမှာ 'ဘာကို' ပြနေတာလဲ
ဒီပုံဟာ 'ဘယ်တုန်းက' ဖြစ်ပျက်ခဲ့တာလဲ
ဒီအဖြစ်ဟာ 'ဘယ်နေရာ' မှာ ဖြစ်ပျက်ခဲ့တာလဲ
ဒီပုံမှာပါသူတွေဟာ 'ဘယ်သူ' တွေလဲ
ဒီပုံထဲက အဖြစ်အပျက်ဟာ 'ဘာကြောင့်' ဖြစ်ခဲ့တာလဲ
ဒီပုံထဲမှာ ပါသူတွေဟာ နောက် 'ဘယ်လို' ဆက်ဖြစ်သွားသလဲ...


Friday, October 16, 2009

နှလုံးသားကို နူးညံ့စေတဲ့ သီချင်းလေးတွေပါ...။

The story of Mooncakes


လမုန့် ပွဲတော်အကြောင်း

တရုတ် ဆောင်မင်းဆက် ပျက်သုံးသွားတဲ့နောက်ပိုင်းမှာ တရုတ်ပြည်ကို တာတာလူမျိုးမွန်ဂိုများ သိမ်းပိုက် အုပ်စိုးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ မွန်ဂိုတွေက တရုတ်တစ်နိုင်ငံလုံးကို သိမ်းပိုက် ချုပ်ကိုင်ထားပေမယ့် အချိန်မရွေး ပုန်ကန်လာမှာကို စိုးရိမ်နေကြပါတယ်။ ပုန်ကန်သူတွေကို စစ်အင်အားသုံးပြီး နှိမ်နှင်း သတ်ဖြတ်နေပေမယ့် ပုန်ကန်မှုတွေကို လုံးဝ ပပျောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ နောက်ဆုံး မွန်ဂိုတွေက အိမ်တိုင်း အိမ်တိုင်းမှာ မွန်ဂိုစစ်သား တစ်ယောက်ကို အစောင့်ချထားပြီး တရုတ်တွေ လှုပ်ရှားလို့ မရအောင် စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအစီအစဉ် အတိုင်း အိမ်တိုင်းမှာ လက်နက်ကိုင် မွန်ဂိုစစ်သားတွေကို အစောင့်ချထားပြီး အိမ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ချယ်ခဲ့ပါတယ်။

ဒါပေမယ့် ရဲရင့်တဲ့ မျိုးချစ်တရုတ် တချို့တလေကတော့ မွန်ဂိုစစ်သားတွေ စောင့်ကြည့်နေတဲ့ကြားက ပရိယာယ်တွေသုံး၊ အကြောင်းအမျိုးမျိုးပြပြီး အပြင်ထွက်လာကြတယ်။ တောထဲမှာ စုရပ်ထားပြီး စကားပြောဆို ဆွေးနွေးကြပါတယ်။ တာတာတွေက အိမ်တိုင်းမှာ စောင့်ကြည့်နေတာမို့ အိမ်တိုင်းကို စည်းရုံးလှုံ့ဆော်ဖို့ မဖြစ်နိုင်တာကို အဖြေရှာ ဆွေးနွေးကြပါတယ်။ အိမ်တိုင်း တပြိုင်နက်တည်း ပုန်ကန် ထကြွဖို့ မလွယ်ကူတာကို စဉ်းစားမိကြပါတယ်။

အဲဒီအချိန်မှာ လူကြီးတစ်ဦးက အကြံပေးပါတယ်။ သူ့မှာ လျှို့ဝှက်အကြံအစည် တစ်ခုရှိတယ်တဲ့။ အဲဒါက မနက်ဖြန်မှာ ကျရောက်မယ့် လမုန့်ပွဲတော်မှာ ရိုးရာအစဉ်အလာအတိုင်း အိမ်တိုင်းအိမ်တိုင်းကို လမုန့်တွေ ဝေငှဖို့ရှိပါတယ်။ အဲဒီ လမုန့်အထဲမှာ ပုန်ကန်မယ့် လျှို့ဝှက်အစီအစဉ်တွေကို စာနဲ့ရေးထားလိုက်မယ်။ ပြီးရင် ဝေထားတဲ့ လမုန့်တွေကို အိမ်တိုင်း ခွဲစားကြဖို့ တိုက်တွန်းလိုက်မယ်တဲ့။ ဒါနဲ့ပဲ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့လိုက်တယ်။

နောက်တစ်နေ့ လမုန့်ပွဲတော်ကို ရောက်လာတဲ့အခါ ဦးဆောင်လှုပ်ရှားတဲ့ တရုတ်မျိုးချစ်လူငယ်တွေက အိမ်တိုင်းအိမ်တိုင်းကို လမုန့်တွေ လိုက်လံဝေငှကြပါတယ်။ အိမ်ရှေ့ခြံအ၀မှာ မွန်ဂိုစစ်သားတွေ စောင့်ကြပ်နေပေမယ့် အမူအရာ မပျက်ပဲ လမုန့်တွေကို ရိုးရာအစဉ်အလာအတိုင်း ခွဲစားကြဖို့ အိမ်တိုင်းကို တိုက်တွန်းကြပါတယ်။ မွန်ဂိုတွေကတော့ တရုတ်တွေရဲ့ ပွဲတော်ဓလေ့ ရှေးထုံးစံတစ်ခုလို့ ထင်ထားတဲ့အတွက် သံသယ မထားမိကြပါဘူး။ အိမ်သားတွေလည်း လမုန့်တွေကို ခွဲစားကြတဲ့အခါ အထဲမှာ စာတိုလေးတွေကို တွေ့ရပါတယ်။ ဒီညမှာ အိမ်တိုင်းက မွန်ဂိုစစ်သားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ တိုက်တွန်းနှိုးဆော်ထားတာကို သူတို့ ဖတ်ရှုလိုက်ရတယ်။

ညဉ့်နက်ပိုင်းကို ရောက်တဲ့အခါမှာ အိမ်တိုင်းအိမ်တိုင်းက မွန်ဂိုစစ်သားတွေကို နည်းအမျိုးမျိုးသုံးပြီး လုပ်ကြံ သတ်ဖြတ်ခဲ့ကြပါတယ်။ အဖိုးအဘွားတွေပဲ ရှိတဲ့အိမ်တွေကလည်း မွန်ဂိုတွေ စားမယ့် အစားထဲကို အဆိပ်ခတ်သလို လူရွယ်တွေ ရှိတဲ့ အိမ်တွေကလည်း မွန်ဂိုတွေ ငိုက်မြည်းနေတဲ့အချိန်မှာ ပုဆိန်တွေ၊ ဓါးတွေနဲ့ လုပ်ကြံပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်နက်အားကိုး စစ်အင်အားသုံးထားတဲ့ မွန်ဂိုတွေရဲ့ အနိုင်ကျင့် အုပ်စိုးမှုကို စနစ်တကျ တွန်းလှန်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီအဖြစ်အပျက်ကို အမှတ်တရ ရှိနေစေဖို့အတွက် ပွဲတော်ရာသီရောက်တိုင်း မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ အိမ်တိုင်းကို လမုန့်တွေ လိုက်လံဝေငှကြပြီး စားသောက်တဲ့ဓလေ့ ဖြစ်ပေါ်လာပါတယ်။ လမုန့်ထဲမှာ သွပ်ထားတဲ့ အစာတွေကတော့ အမျိုးမျိုး ပြောင်းလဲနေသလို လမုန့်ပွဲတော်ရဲ့ ရည်ရွယ်ချက်တွေ အထိမ်းအမှတ်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ အခုခေတ်မှတော့ မိသားစုဝင်တွေ ပြန်လည် ဆုံတွေ့တဲ့ အထိမ်းအမှတ်၊ မိသားစုဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းတဲ့ အထိမ်းအမှတ်အနေနဲ့ လမုန့်ချိုချိုလေးတွေကို စားသောက်လေ့ ရှိလာခဲ့ပါတယ်။

Thursday, October 8, 2009

တကြိမ်အောင်မြင်ရင်ရပြီ

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ
ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး
မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။
၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး
မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက်
ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး...
သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက်
ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ
မရှိခဲ့ဘူး။

၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့
ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့
အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့
တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး
တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ
ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့
ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။
ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက်
အမှုဖြစ်ပွါးခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast
food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို
အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ
သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့်
ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က
သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့
လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ
ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့
အခွင့်အလမ်းရခဲ့တယ်။

၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို
သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး
အမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland
David Sanders Colonel Sanders (September 9, 1890 – December 16,
1980)ပဲ ဖြစ်ပါတယ်။

"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့
ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို
တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က
ပြောခဲ့ပါတယ်။

မူရင်းရေးသားသူ... Wang Jin Yao (汪金友) 一次成功就够了

http://en.wikipedia.org/wiki/Harland_Sanders

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, October 1, 2009

ဇင်ဘာဗွေနှင့် မြန်မာငွေ

“မေမေ သား ကျောင်းသွားတော့မယ်”
ကျနော် ဒီလိုပြောလိုက်ရင် အမေသိလိုက်တယ်၊ သူ့သားလေး မုန့်ဖိုး တောင်းနေပြီဆိုတာ။ ကျနော့်အမေက အဲသလောက် ပညာရှိတာကိုးဗျာ့။ အဲလိုပြောလိုက်တိုင်း အမေက သူကျစ်ကျစ်ပါအောင် သိမ်းထားတဲ့ ရှိစုမဲ့စုပိုက်ဆံတွေထဲက ငါးကျပ်လောက်တော့ အမြဲပေးလေ့ရှိတယ်။ ဆင်းရဲရှာတာကိုး။ သားသမီး (၇) ယောက်ထဲက ကျနော်က အလတ်ကောင်။ ပေါက်စလေးတွေဖြစ်တဲ့ ညီမလေးသုံးယောက်နဲ့ ညီလေးတစ်ယောက်၊ အကိုတစ်ယောက်၊ အမတစ်ယောက်။ အလယ်က ကျနော်။ ဒါတောင် တစ်ယောက်က မွေးပြီးသိပ်မကြာခင်မှာပဲ ဆုံးသွားသတဲ့။ ကျနော်မတွေ့ မမြင်လိုက်ရတဲ့ ကိစ္စ။ ကျနော့်အရင် ဖြစ်ခဲ့တာ။ ဆုံးသွားတဲ့ကလေးက ကျနော့် အထက်ကြပ်ကြပ်။ အဖေရော အမေရော မျိုးကောင်းကြတယ်ထင်ရဲ့။ မွေးလိုက်တာလဲ လွန်ပါရော။ ဒီခေတ်ကြီး ဒီလောက်မွေးတာ ဆင်းရဲ့တဲ့ မိသားစုအတွက် သက်သာတဲ့ ကိစ္စတော့မဟုတ်။ အဖေရှာနိုင်လို့သာ ကျနော်တို့ ညီအကို မောင်နှမတွေ အသက်ရှင်ခွင့်ရကြတယ်လို့ ဆိုရမယ်။

အမေပေးလိုက်တဲ့ ပိုက်ဆံငါးကျပ်ထဲက တစ်နေ့စာအတွက် မုန့်ဖိုးလဲလောက်တယ်၊ ကြက်ပေါင်ကွင်းတွေလဲ ငါးမူးဖိုးလောက်ဝယ်ပြီး တစ်နေကုန်အောင် ကောင်းကောင်းဆော့နိုင်တယ်။ တစ်နေ့တစ်နေ့ အနည်းဆုံးတစ်ကျပ်လောက်လဲ အပိုအလျှံထွက်သေးတယ်။ သိမ်းထားတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ အမေ့လက်ထဲ ဘိုင်ပြတ်နေတဲ့အခါနဲ့ ကြုံရင် သိမ်းထားတာလေး ထုတ်ထုတ်သုံးရတယ်။ ဒါတောင် အဘိုးသိရင် အပြောခံရသေးတယ်။ “မင်းတို့လက်ထက်ပဲ ကြားဖူးတယ်ကွာ။ တစ်နေ့တစ်နေ့ မုန့်ဖိုး ငါးကျပ်ကြီးများတောင် ပေးရတယ်လို့။ ငါတို့ ငယ်ငယ်တုန်းကတော့ တစ်နေ့ တစ်ကျပ်လောက်ဆိုရင်ပဲ စားလို့သောက်လို့ မကုန်နိုင်ဘူး။ ကောက်ညင်းပေါင်း တစ်မတ်ဖိုးဆို နှစ်ယောက်လောက် ကောင်းကောင်းဝတယ်ဟေ့။ မင်းတို့ခေတ်ကြီးကိုက တော်တော် ဆိုးလာပြီကွ” တဲ့။

မသိလိုက်၊ မမီလိုက်တဲ့ခေတ်က အဖြစ်အပျက်ကို ကိုယ်စားပြုတဲ့ အဘိုးစကားကို ကျနော် မကြာခဏကြားနေရပေမဲ့ မယုံနိုင်အောင် ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဘယ်နှယ်ဗျာ၊ ကောက်ညှင်းပေါင်း တစ်မတ်ဖိုး နှစ်ယောက်စားမကုန်နိုင်ဘူးရယ်လို့။ အခုတော့ ယုံပါပြီ အဘိုးရယ်။ အဲဒီတုန်းက (ကျနော်ကလေးပေါက်စဘ၀) မြန်မာပြည်မှာ တစ်ရာတန်ဆိုတာ ဆင်းရဲသားအတော်များများတောင် မမြင်ဖူးတဲ့ ငွေကျေးရယ်ပါ။ မှတ်မိသေးတယ်။ ကျနော့်အဖေက ပဲ့နင်း၊ အများသိအောင်ပြောရရင်တော့ ကက်ပတိန်ပေါ့။ အဖေကငါးဖမ်းစက်လှေကြီးတစ်စီးနဲ့ ပင်လယ်ထဲ တစ်ခါထွက်ရင် အနည်းဆုံးတစ်လလောက်ကြာမှ ကမ်းပြန်ရောက်တယ်။ အဖေရောက်ရင်တော့ အမေလက်ထဲ ငွေရွှင်တယ်ပေါ့။
သားသမီးတွေအားလုံး ဖေါဖေါသီသီစားနိုင်သောက်နိုင်၊ သုံးနိုင်ဖြုန်းနိုင်ကြလေရဲ့။ ကျောင်းသွားတဲ့လူတွေကိုလဲ ငါးကျပ်မက ပေးနိုင်တယ်။ အဖေ ပြန်လာတာနောက်ကျရင်တော့ ကျောင်းသားတွေရော အမေရော မသက်သာဘူး။

အကြပ်အတည်းဖြစ်တဲ့ တစ်နေ့ပေါ့။ အဖေလဲ ပင်လယ်ထဲ နှစ်လလောက်ကြာသွားတယ်။ အိမ်မှာ ကျန်ရစ်တဲ့ မိသားစုကလဲ အဖေ့လစာတွေနဲ့ မလောက်မငဖြစ်နေပြီ။ အမေ ကြံရာမရဖြစ်ပြီး ဘာလုပ်လဲဆိုတော့ အိမ်က ဗီဒိုကြီးထဲမှာ သိမ်းထားတဲ့ ငါးဆင့်စတီးဆွဲချိုင့်ကြီးတစ်လုံးထုတ်လာတယ်။ ပြီးတော့ အနားမှာရှိတဲ့ ကျနော့်ကို ပြောတယ် “မင့်အဖွါးလေးဆီသွား၊ ဟောဒီစတီးချိုင့်ကြီးကို တစ်ရာနဲ့ပေါင်ခဲ့” တဲ့။ ကျနော်လဲ ကလေးပဲဟာ၊ ဘာမှသိဘူးလေ။ အမေပြောသလို အမေ့အဒေါ် (အမေ့ အဖေရဲ့ ညီမ) ဖြစ်တဲ့ ကျနော်အဖွါးလေးဆီသွားပြီး အမေပြောတဲ့အတိုင်းပြောတော့ အဖွါးလေးက လျှောလျှောလျှူလျှူပဲ၊ ငွေတစ်ရာပေးလိုက်တယ်။ အဲဒီပိုက်ဆံတစ်ရာရတော့ အမေပျော်လိုက်တာ မပြောနဲ့တော့။ စတီးချိုင့်ကြီးလဲ အမေဆုံးတဲ့အထိ ပြန်ရွေးလိုက်တယ်လို့ တစ်ခါမှ မကြားမိဘူး။ ပြောချင်တာက အဲဒီတုန်းက ပိုက်ဆံတစ်ရာဆိုတာ အဲလောက်ကို တန်ဖိုးရှိတာ။ အဖေပင်လယ်က ပြန်လာတဲ့အထိ အဲဒီပိုက်ဆံနဲ့ဝယ်ထားတဲ့ ဆံ၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ မီးဖိုထဲ မကုန်နိုင်ဘူး။

အခုတော့ဗျာ။ ပိုက်ဆံတစ်ရာဆိုတာကို အလကားပေးရင်တောင် ယူမည့်လူ ခပ်ရှားရှား။ လမ်းမှာတောင်းစားနေတဲ့ သူတောင်းစားတောင် တစ်ရာလောက်ပေးရင် မကျေနပ်ချင်ဘူး။ ဒီဘက်နအဖခေတ် ရောက်လာတော့ တစ်ရာတန်ကနေ နှစ်ရာတန်၊ ငါးရာတန်၊ တစ်ထောင်တန် အထိ ထုတ်လာပြီ။ ပြဿနာကဘာလဲဆိုရင် ငွေကြေးဖေါင်းပွလာတာနဲ့အမျှ ပစ္စည်းတွေလဲ ဈေးတက်လာတယ်။ အရင်က တစ်ကျပ်တန်ဟာ တစ်ဆယ်ဖြစ်လာတယ်။ တစ်ဆယ်တန်ဟာ တစ်ရာဖြစ်လာတယ်။ တစ်ရာတန်ဟာ တစ်ထောင်ဖြစ်လာတယ်။ ဘာဘောဂဘေဒပညာမှသိနေစရာမလိုဘူး။ လက်တွေ့မှာ ဒီလိုဖြစ်နေတာ။ ပိုက်ဆံစက္ကူပေါ်မှာ ဂဏန်းလုံးကြီးလေလေ ပစ္စည်းတွေရဲ့တန်ဖိုးဟာလဲ မြင့်တက်လေလေပါပဲ။

ဇင်ဘာဗွေနိုင်ငံကို ကြည့်ပါ။ အမြင့်ဆုံးစာရွက်ပေါ်က ဂဏန်းကို ကြည့်လိုက်။ (၂၅၀ ၀၀၀ ၀၀၀) တဲ့။ ဂဏန်းကိုးလုံးရှိတာတွေ့မှာပေါ့။ နှစ်ဆယ့်ငါးကုဋေ တဲ့ဗျား။ “တိုင်းပြည်စီးပွါးရေးကို မြှင့်တင်ဖို့အရေး စာရွက်ပေါ်မှာ ဂဏန်းကြီးကြီးရေး ဒို့အရေး” လို့များ ကြွေးကြော်နေသလား မသိဘူး။ ဇင်ဘာဗွေက သူတောင်းစားတွေ လက်ထဲမှာ ပိုက်ဆံတစ်ကုဋေလောက်ရှိနေရင်တော့ အဲဒီနေ့မှာ ထမင်းငတ်ပြီသာအောင့်မေ့။ ကုဋေကြွယ်သူတောင်းစားဆိုတာ ဒီခေတ်မှာ တကယ်ရှိနေပြီ။ မယုံမရှိနဲ့။ ခရမ်းချင်သီးတစ်ပိဿာတောင် ကုဋေပေါင်းများစွာပေးဝယ်နေရတဲ့ တိုင်းပြည်။ အဲဒီအဖြစ်ဆိုးကြီးကို ကြည့်ပြီး ကျနော်စဉ်းစားမိတယ်။ ငါတို့နိုင်က လူကြီးတွေလဲ ဇင်ဘာဗွေကို အတုခိုးရင် ဒုက္ခပဲလို့။ ကျနော့်ဆန္ဒမပြည့်ဝပါဘူးဗျာ။ အခု ငါးထောင်တန်ထုတ်နေပြီ-တဲ့။

“စည်းပွါးရေးပြုပြင်ပြောင်းလဲရေး”ဆိုတဲ့ ကြွေးကျော်သံအောက်မှာ ဒီလို ပိုက်ဆံစက္ကူပေါ်မှာ ဂဏန်းလုံးရေကြီးကြီးရေးရတာကို စီးပွါးရေးပြုပြင်ပြောင်းလဲမှုလို့ ယူဆရင်တော့ ကျနော်တို့နိုင်ငံရဲ့ စီးပွါးရေးဟာ ဘယ်တော့မှ အဖတ်ဆယ်လို့ ရမှုာမဟုတ်တော့တဲ့ စီးပွါးရေးလို့ပဲ မှတ်ယူပေတော့။ ကမ္ဘာပေါ်မှာ ငွေကြေးအမြင့်ဆုံးဆိုတဲ့ ဗြိတိရှတိုင်းပြည်တွေမှာ ငါးဆယ်တန်ဆိုတာ အကြီးဆုံးပဲ။ တော်ရုံလူတွေတောင် ငါးဆယ်တန် မြင်ဖူးကြတာမဟုတ်ဘူး။ အဲဒီငါးဆယ်တန်ဟာ ဒေါ်လာတစ်ရာနဲ့ ညီမျှတဲ့ ငွေကြေးပါ။ မြန်မာငွေ တစ်သိန်းကျော်ပါတယ်။ ကျနော် အင်္ဂလန်ရောက်ခါစ (၂၀၀၇)ခုနှစ်က လေဆိပ်မှာ ဒေါ်လာတစ်ထောင်လဲတာ ပေါင် (၄၉၀) ပဲရတယ်။ အခုတော့ ပေါင်ဈေးနည်းနည်းကျနေတာပေါ့လေ။ အဲဒီပေါင်အောက်က ယူရိုငွေ။ သူကတော့ နိုင်ငံတကာသုံးမို့ထားတော့။ အမေရိကန်ဒေါ်လာ။ တစ်ရာတန်ဆိုတာ အများမြင်ဖူးနေတဲ့ ငွေကြေးယူနစ်တစ်ခုပါ။ အဲဒီနိုင်ငံကြီးတွေမှာလဲ စီးပွါးရေး ကျတဲ့ အချိန်တွေ မကြာခဏကြုံနေရတာပါပဲ။ ပြီးခဲ့တဲ့ ခုနှစ်လ၊ ရှစ်လလောက်က တစ်ကမ္ဘာလုံးစီးပွါးကျတော့ ဗြိတိရှတွေရော၊ အမေရိကန်တွေရော ခံလိုက်ရတာမပြောနဲ့တော့။ သူတို့ဖြေရှင်းနိုင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ငွေကြေးပေါ်မှာ ဂဏန်းလုံးကြီးကြီးရေးပြီး ဖြေရှင်းခဲ့တာမဟုတ်ဘူးဆိုတာတော့ တစ်ကမ္ဘာလုံးသိပါတယ်။

မြန်မာပြည်မှာ စီးပွါးရေးကျတာ ဘယ်တုန်းကစတာလဲ ကျနော်တိတိကျကျမသိဘူး။ ဘောဂဗေဒပညာရှင်တွေတော့ သိကောင်းသိမှာပါ။ ကျနော်သိတာကတော့ စက္ကူပေါ်မှာ ဂဏန်းများလာတိုင်း ပစ္စည်းတွေရဲ့ ဈေးနှုံးဟာ ပိုပိုကြီးကြီးလာတယ်။ ပြီးတော့ ပြည်သူတွေ အကြပ်အတည်းပိုတွေ့လာတယ်။ နိုင်ငံတကာငွေကြေးနဲ့ လဲလှယ်တဲ့အခါ များစွာများစွာအောက်ကျတယ် ဆိုတာပါပဲ။ ဒီတော့ ဒီနည်းဟာ စီးပွါးရေးအကြပ်အတည်းကို တကယ့်တကယ်ပြေလည်စေတဲ့ နည်းမဟုတ်နိုင်ဘူးဆိုတာလောက်တော့ ဘောဂဗေဒပညာကို ကကြီးရေးကတောင် မသိတဲ့ ကျနော့်လို လူတစ်ယောက်က ပြောရဲပါတယ်။ အခု ငါးထောင်တန်ထုတ်နေပြီ။ တိုင်းပြည်စီးပွါးရေး ဘာဖြစ်ဦးမလဲ? ပြောရဲပါတယ်။ ပိုထိုးကျသွားမှာပါ။ နိုင်ငံတကာငွေကြေးဈေးကွက်မှာ မျက်နှာမရဖြစ်နေဦးမှာပါ။ နဂိုက ဒေါ်လာတစ်ရာ မြန်မာကျပ်ငွေတစ်သိန်းဆိုရင် အဲဒီငါးထောင်တန်တွေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ တစ်သိန်းနဲ့ ဘယ်သူမှ မလဲတော့မှာတော့ သေချာပါတယ်။ နောက်ထပ် တစ်သောင်းတန်၊ ငါးသောင်းတန်၊ တစ်သိန်းတန်တွေအထိ ထုတ်လာရင်တော့ ပြည်သူတို့ရေ့-----ခင်ဗျားတို့နေတဲ့ လက်ရှိနေရာက အမြန်ခွါဖို့သာ ကြိုးစားကြပေတော့ဗျို့။

တိုင်းပြည်ထဲက နအဖကို အကြံပေးနေကြတဲ့ စီးပွါးရေးပညာရှိကြီးများခင်ဗျား၊ ကြည့်ကျက်လဲ လုပ်ကြပါဦးဗျို့။ နိုင်ငံတကာနဲ့လဲ နှိုင်းယှဉ်ပြီး စဉ်းစားပေးကြပါဦး။ ပြောရင်းပြောရင်း စိတ်တိုလာပြီ။ တော်ပြီဗျာ။ ခင်ဗျားတို့လဲ တတ်နိုင်တဲ့ဖက်က အော်ကြဦး။

Friday, September 25, 2009

အမေ… ဘာကြောင့် အကြာကြီး ကျွန်မစောင့်ခိုင်းရက်ခဲ့သလဲ?



အမေ တကယ်ကို အိုစာသွားခဲ့ပါပြီ.. ကလေးငယ်တစ်ယောက်လို ချွဲနွဲ့တဲ့အထိ အိုစာသွားခဲ့ပါတယ်။ ဖုန်းဆက်တိုင်း မျှော်လင့်ချက်အပြည့်နဲ့ ကျွန်မကို အမေမေးတတ်တယ်။

"သမီး .. ဘယ်တော့ အိမ်ပြန်ခဲ့မလဲ?"

မိုင်ပေါင်းထောင်ကျော်ဝေးတဲ့အမေ့အိမ်ကို ကားသုံးဆင့်စီးပြီးမှ ရောက်တာကိုမဆိုထားနဲ့ အလုပ်တစ်ဘက်၊ ကလေးတစ်ဘက်နဲ့ အမေ့အိမ်ပြန်ဖို့ ကျွန်မအချိန်မပေးနိုင်ခဲ့ဘူး။ နားသိပ်မကောင်းတော့တဲ့အမေကို ကျွန်မအထပ်ထပ်ရှင်းပြခဲ့ပေမယ့် အမေက တောင့်တစွာနဲ့မေးတုန်းပါပဲ။

"သမီး ... ဘယ်တော့ အိမ်ပြန်နိုင်မလဲဟင်?"

အထပ်ထပ်မေးတဲ့ အမေကို စိတ်မရှည်စွာနဲ့ ကျွန်မအော်မိခဲ့ရင် အမေက တအင်း..အင်း သဘောပေါက်ဟန်နဲ့ ဖုန်းကို အသာချလိုက်တတ်တယ်။ ဒါပေမယ့် ရက်သိပ်မကြာခင်မှာ အမေကဖုန်းဆက်ပြီး အဲဒီမေးခွန်းကိုပဲ ထပ်မေးတတ်ပြန်တယ်။ အလိုမကျတဲ့ ကလေးငယ်တစ်ယောက်လို မေးရင်လည်း အချည်းနှီးပဲဆိုတာသိပေမယ့် ထပ်သလဲလဲ မေးနေတဲ့ အမေကြောင့် ကျွန်မစိတ်တွေပျော့သွားပြီး သက်ပြင်းကို မသိမသာချမိတယ်။

ကျွန်မ မအော်မငေါက်မှန်းသိတော့ အမေက ဝမ်းသာအားရထပ်ပြောတယ်။

“ခြံနောက်က သလဲသီးတွေ အပွင့်ပွင့်နေပြီ၊ ဖရဲသီးတွေ မှည့်တော့မယ်၊ သမီး.... အမြန်ပြန်ခဲ့ပါ”

“အလုပ်တွေ ဒီလောက်ရှုပ်နေတာ အမေရာ.. ကျွန်မ ခွင့်ရနိုင်မှာမဟုတ်ဘူး”

“အမေ ကင်ဆာဖြစ်နေတယ်။ နှစ်ဝက်လောက်ပဲ အသက်ရှင်တော့မယ်လို့ ပြောလိုက်လေ”

အမေရဲ့အပြောကို ကျွန်မဝင်ဟန့်တော့ အမေက တစ်ခစ်..ခစ်နဲ့ သဘောကျရယ်မောနေခဲ့တယ်။ ငယ်ငယ်တုန်းက မိုးရွာ၊ လေကြီးလာတဲ့အချိန် ကျောင်းမတက်ချင်လို့ ဗိုက်နာချင်ဟန်ဆောင်တတ်တဲ့ ကျွန်မကို အမေက ဆူဆဲတတ်တယ်။ အခုတော့ အသက်ကြီး အိုမင်းသွားတဲ့အမေက ကျွန်မကို လိမ်ညာပြောဖို့ သင်ပေးနေခဲ့တယ်။

ကျွန်မနဲ့အမေကြားမှာ ဒီလိုမေးခွန်းတွေက ထပ်သလဲလဲဖြစ်နေခဲ့တယ်။ ဒီလိုမေးခွန်းကို ကျွန်မ မကြားရက်တော့လို့ နောက်လမှာ ပြန်ခဲ့ဖို့ပြောတော့ အမေခမျာ ဝမ်းသာလွန်းလို့ တံတွေးတောင်သီးခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ အမြဲမပြီးပြတ်နိုင်တဲ့ အလုပ်တွေက အိမ်ပြန်ဖို့ထက် အရေးကြီးနေခဲ့လို့ နောက်ဆုံးမှာ ကျွန်မ အိမ်မပြန်နိုင်ဖြစ်ခဲ့တယ်။

ဖုန်းရဲ့ တစ်ခြားတစ်ဘက်မှာ အမေရဲ့ စကားသံတွေ တိတ်ဆိတ်နေခဲ့တယ်။

“အမေ… သမီးကို စိတ်ဆိုးနေတာလား?”

အားနာနာနဲ့ ကျွန်မကဆိုတော့ အမေက ပျာပျာသလဲ ပြန်ပြောတယ်။

“စိတ်မဆိုးပါဘူး သမီး.. အမေ စိတ်မဆိုးဘူး။ သမီးလုပ်စရာရှိတာလုပ်ပါ”

ရက်သိပ်မကြာဘဲ အမေ့ဆီက အရေးတကြီးဖုန်းလာပြန်တယ်။ စပျစ်သီးတွေ၊ သစ်တော်သီးတွေမှည့်လို့ ကျွန်မကို အမြန်ပြန်လာစားဖို့ ပြောပါတယ်။ အဲဒီလိုအသီးတွေက ဘာမှမဟုတ်ကြောင်း၊ ဈေးတိုင်းမှာ ၅ကျပ် ၁ဝနဲ့ ဝယ်စားနိုင်ကြောင်း ကျွန်မပြောတော့ အမေက သိပ်ဘဝင်မကျဘူး။ ကျွန်မက အမေကို ချော့မော့ပြီး “မြို့ပေါ်က အသီးတွေမြေသြဇာများတယ်၊ ပိုးသတ်ဆေးများတယ်။ အမေ့အသီးလောက် မချိုဘူး” လို့ ပြောတော့ အမေက သဘောကျစွာ ရယ်မောပြန်တယ်။

စနေနေ့ ရုံးပိတ်ရက်မှာ နေအပူရှိန်က ပြင်းအားကောင်းနေခဲ့တယ်။ အိမ်ပြင်မထွက်ရဲလို့ အိမ်ထဲမှာ လေအေးစက်နဲ့ ကျွန်မနေခဲ့တယ်။ သမီးငယ်က ကိတ်မုန့်စားဖို့ အတင်းပူဆာလို့ အိမ်ပြင်ကို မထွက်မနေ ကျွန်မထွက်ခဲ့ရတယ်။ အပူငွေ့တွေ တရိပ်ရိပ်တက်နေတဲ့ လမ်းမထက်မှာ အမေရဲ့ နောက်ကျောအရိပ်ကို ကျွန်မတွေ့လိုက်မိတယ်။ ကြည့်ရတာ ကားပေါ်က အခုမှ အမေဆင်းလာတာဖြစ်မယ်။ လက်မှာ ဆွဲခြင်းတစ်လုံးအပြင် ကျောမှာ ခပ်လေးလေးအိတ်တစ်လုံးကို အမေလွယ်ပိုးထားတယ်။ လွယ်ပိုးထားတဲ့အရာတွေကို လူတွေတိုက်မိမှာစိုးလို့ထင်တယ်.. ခါးကိုကွေးညွှတ်ပြီး လမ်းပေါ်က လူတွေကို အမေကွေ့ရှောင်နေခဲ့တယ်။ လူတွေကြားထဲမှာ အမေလှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက အားပါနေခဲ့တယ်။ ကျွန်မရဲ့ခေါ်သံကြောင့် အမေခေါင်းထောင်ပြီး လူအုပ်ကြားထဲမှာ ကျီးကန်းတောင်းမှောက်လိုက်ရှာတယ်။ ကျွန်မကိုတွေ့တော့ အမေက ရယ်ပြတယ်။ ဝမ်းသာလွန်းလို့ထင်တယ် အမေ့ဆီက ဘာသံမှထွက်မလာခဲ့ပါဘူး။

အိမ်ပြန်ရောက်တော့ အမေကပါသမျှ အရာတွေကို ဝမ်းသာအားရထုတ်ပေးတယ်။ အမေရဲ့ လက်ဖမိုးမှာ သွေးစွန်းနေတဲ့ ပလာစတာနဲ့ ဒဏ်ရာတချို့ကို ကျွန်မတွေ့လိုက်တယ်။ အမေက ကျွန်မကို ပြုံးပြပြီး “စား.. သမီး.. စား.. ဒါတွေအားလုံး အမေကိုယ်တိုင် ခူးခဲ့တာ”

ခရီးဝေးမသွားခဲ့ဖူးတဲ့အမေ ကျွန်မရဲ့စကားတစ်ခွန်းကြောင့် မိုင်ထောင်ပေါင်းများစွာကနေ ကျွန်မဆီအရောက် လာခဲ့တယ်။ အမေစီးခဲ့တာက ဈေးအချိုဆုံးနဲ့ လေအေးစက်မပါတဲ့ကား၊ ကျပ်ညပ်နေတဲ့ ကားပေါ်မှာ စပျစ်သီး၊ သစ်တော်သီးတွေ မပွန်းမပဲ့ဖို့ အမေဘယ်လို ယူခဲ့သလဲ၊ ကားကို အမေဘယ်လိုစီးခဲ့တယ်၊ အသီးတွေကို ဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာကို ကျွန်မ မတွေးရက်ခဲ့ဘူး။ ကျွန်မသိတာတစ်ခုက ကမ္ဘာပေါ်မှာ အမေရှိတဲ့နေရာတိုင်း ထူးဆန်းမှုတွေရှိနေတယ်ဆိုတာပါပဲ။

ကျွန်မနဲ့ (၃)ရက်ပဲ အမေနေခဲ့တယ်။ နေဝင်နေထွက် အလုပ်သွားတဲ့အပြင် သားသမီးတွေကို စောင့်ထိန်းရတဲ့ကျွန်မ ပင်ပန်းမှာ စိုးလို့ပါတဲ့… ကျွန်မကို သူဘာမှမကူညီနိုင်ခဲ့သလို မီးဖိုချောင်က ခေတ်မီအသုံးအဆောင်တွေ သူ့ကြောင့်ပျက်ဆီးမှာစိုးလို့ မကိုင်တွယ်ရဲခဲ့ဘူး။ ကျွန်မ မသိအောင် ကားလက်မှတ်ဝယ်ပြီး အမေ တိတ်တိတ်လေး ထွက်သွားခဲ့တယ်။

အိမ်ပြန်ပြီး တစ်ပတ်အကြာမှာ ကျွန်မကို အမေလွမ်းပြန်တယ်။ ကျွန်မကို အိမ်ပြန်ခဲ့ဖို့ အမေတောင်းဆိုပြန်တယ်။

“အမေ.. ခဏလောက်တော့ သည်းခံစောင့်နော်”

အမေ့ကိုနှစ်သိမ့်ပြီး နောက်တစ်ရက်မှာ အမေ့ညီမဆီက ဖုန်းရတယ်။

“သမီးအမေနေမကောင်းဘူး… အမြန်ပြန်ခဲ့ပါ”

အဒေါ်ရဲ့စကားက ကျွန်မကို ပျာယာခတ်သွားစေတယ်။ ငိုငိုယိုယိုနဲ့ ကားဂိတ်ပြေးပြီး နောက်ဆုံးထွက်တဲ့ကားနဲ့ အမေ့အိမ်ကို ကျွန်မပြန်ခဲ့တယ်။ လမ်းတစ်လျှောက်လုံး ကျွန်မဆုတောင်းမေတ္တာပို့သနေမိတယ်။

ဒီတစ်ခေါက်လည်း ကျွန်မကို အမေလိမ်ညာတာဖြစ်ပါစေ၊ အမေနေကောင်းပါစေ…
တဗျစ်တောက်တောက် အမေပြောတဲ့စကားကို ကျွန်မ နားထောင်ချင်သေးတယ်
အမေချက်တဲ့ ဟင်းတွေအားလုံး ကျွန်မကုန်အောင်စားချင်သေးတယ်
အလုပ်က ခွင့်ယူပြီး အမေ့ဆီ ကျွန်မပြန်ခဲ့ချင်သေးတယ်

လူတွေဟာ အသက်(၈ဝ)အထိ အသက်ရှင်နေလည်း မိခင်ဆိုတာ လိုအပ်ကြောင်း အခုမှ ကျွန်မနားလည်ခဲ့တယ်။ ရွာဝမှာ ကားဆိုက်တော့ အမေက အပြေးလာကြိုတယ်။ အမေ့ကိုပြေးဖက်ပြီး ကျွန်မငိုမိ၊ ရယ်မိတယ်။

“အမေ ဘာပြောပြောကောင်းတယ်။ ဒါပေမယ့် ကိုယ့်ကိုယ် အသည်းအသန်ဖြစ်နေတယ်လို့တော့ မပြောပါနဲ့ အမေ”

ကျွန်မရဲ့ မကျေမနပ်စကားကို ကြားပေမယ့် အမေက ကျွန်မကိုပြုံးရယ်ပြီး ကြည့်နေခဲ့တယ်။

အိမ်ထဲဝင်လိုက် အိမ်ပြင်ထွက်လိုက်နဲ့ အမေကြည့်ရတာ မပင်ပန်းဘဲ ပျော်နေပုံရတယ်။ စားပွဲခုံပေါ် စားစရာတွေ တည်ခင်းပြီး ကျွန်မချီးကျူးတာကိုခံဖို့ အမေစောင့်နေခဲ့တယ်။

“ပဲက တူးသွားပြီ၊ ဖက်ထုပ်အခွံက ထူလွန်းတယ်၊ အသားက ငန်လိုက်တာ”

အားမနာတမ်း ကျွန်မဝေဖန်တော့ ပြုံးနေတဲ့အမေ့မျက်နှာက အားနာတဲ့ဘက်ကို ပြောင်းသွားပြီး မသိမသာနဲ့ ခေါင်းငုံ့နေခဲ့တယ်။ စိတ်ထဲကနေ ကျွန်မတိတ်တိတ်လေး ခိုးရယ်နေခဲ့မိတယ်။ သူချက်ထားတဲ့ အစားအစာတွေ စားကောင်းကြောင်း ချီးကျူးရင် ကျွန်မကို အဆမတန် အမေစားခိုင်းတော့မယ်ဆိုတာကို ကျွန်မသိနေတယ်။ ကျွန်မပြန်ချိန်မှာလည်း အများကြီး ထည့်ပေးလိုက်တော့မယ်ဆိုတာကို သိနေတယ်။

အမေအတွက် ကျွန်မချက်ပြုတ်ချိန်၊ သူနဲ့စကားစမြည်ပြောချိန်မှာ အမေက ကျွန်မကိုပဲ ငေးကြည့်နေတတ်တယ်။ သူ့အကြည့်တွေထဲမှာ ကရုဏာတွေ၊ ချစ်မေတ္တာတွေပါနေခဲ့တယ်။ ကျွန်မဘာပြောပြော ပါးစပ်လေးဟ၊ နားလေးစွင့်ပြီး အမေ ဂရုတစိုက်နားထောင်တယ်။ ကျွန်မအိပ်တဲ့အချိန်မှာတောင် ကုတင်ဘေးမှာထိုင်ပြီး ကျွန်မကို ပြုံးကြည့်နေခဲ့တယ်။

“သမီးကို အမေဒီလောက်ချစ်တာ.. ဘာဖြစ်လို့ သမီးနဲ့အတူ လိုက်မနေတာလဲ အမေ”

“မြို့ပေါ်မှာ တိုက်ကြီးတွေနဲ့ အမေ မနေတတ်ဘူး သမီးရယ်”

အမေ့အိမ်မှာ ရက်ကြာကြာမနေဘဲ အလျင်စလို ကျွန်မပြန်မယ်လုပ်တော့ အမေက နောက်ထပ်တစ်ရက် ထပ်နေဖို့ လိုလိုလားလား တောင်းဆိုပါတယ်။ ရွာနဲ့မိုင်အတော်ဝေးတဲ့ နေရပ်ဆီကို လူလွတ်ပြီး ဈေးဝယ်ထားခိုင်းကြောင်း၊ ကျွန်မကြိုက်တတ်တဲ့ အစားအစာတွေ ကိုယ်တိုင်ချက်ကျွေးဖို့ အမေပြင်ဆင်ထားကြောင်း ပြောတယ်။ အဒေါ့်အိမ်ကနေ ကျွန်မပြန်လာတော့ အမေက စားစရာတွေ စားပွဲခုံအပြည့်နဲ့ ကျွန်မကိုစောင့်နေခဲ့တယ်။

စားပွဲပေါ်က ဟင်းတွေကိုကြည့်ပြီး ကျွန်မ တုန်လှုပ်မိတယ်။ ငါးဟင်းက ငါးကြေးခွံတွေ မပြောင်ဘူး။ ကြက်သားပေါ်မှာ အမွေးတွေ မစင်ဘူး။ မှိုဟင်းထဲမှာလည်း ဆံပင်မွေးတွေနဲ့ ဟင်းတိုင်းက မထိမတို့ရဲလောက်အောင်ပါပဲ။ နုပျိုစဉ်က အမေဟာ အသန့်အလွန်ကြိုက်သူပါ။ ခုတော့ အိုစာလွန်းလို့ အသန့်၊ မသန့်တောင် အမေ မခွဲခြားနိုင်တော့ဘူး။ ဟိုမွှေဒီမွှေနဲ့ ကျွန်မအားရပါးရ စားတာကိုမတွေ့တော့ အမေက မသိမသာသက်ပြင်းချတယ်။ နောက်ပြီး ကျွန်မကို ညကားနဲ့ ပြန်ဖို့ စီစဉ်ပေးခဲ့တယ်။

ညမှောင်နက်နက်မှာ အမေက ကျွန်မလက်ကိုတွဲပြီး တောလမ်း၊ ရွံ့လမ်းတွေမှာသွားရတာ ကျွန်မ ကျင့်သားမရမှာစိုးလို့ဆိုပြီး ကားပေါ်အထိလိုက်ပို့ခဲ့တယ်။ ကျွန်မကို ဟိုမှာ၊ ဒီမှာနဲ့ ကားထွက်ခါနီးမှ ကားပေါ်က အမေဆင်းတယ်။ ကားပေါ်က အမေအဆင်းမှာ တံခါးနဲ့အင်္ကျီချိတ်မိပြီး အမေ ဟပ်ထိုးလဲတယ်။ ကားပြတင်းပေါက်ကနေ သတိထားဖို့ လှမ်းအော်တဲ့ကျွန်မ အသံကို အမေမကြားခဲ့ဘူး။ တရွေ့ရွေ့ ထွက်သွားတဲ့ ကားနောက်အမေအပြေးလိုက်ရင်း “သမီး.. သမီးကို အမေစိတ်မဆိုးဘူး.. သမီးအလုပ်များနေတယ်ဆိုတာ အမေသိတယ်” လို့ အော်တယ်။

ဒီတစ်ခေါက် အမေအိမ်ကျွန်မပြန်ခဲ့တာကို အမေအားရကျေနပ်သွားပုံရတယ်။ ကျွန်မကို အိမ်ပြန်ခဲ့ဖို့ အမေထပ်မပြောခဲ့တော့ဘူး။ ဒါပေမယ့် အိမ်ကပျော်စရာသတင်းတွေပဲ ကျွန်မကို အမေပြောပြတတ်တယ်။

“အိမ်မှာ လိမ္မာတဲ့နွားလေးတစ်ကောင် ထပ်တိုးတယ်။ နောက်နှစ်နွေဦးရောက်ရင် ခြံထဲမှာ အမေပန်းအပြည့်စိုက်မယ်”

အမေ့စကားတွေက ကျွန်မရင်ကိုနွေးထွေးစေခဲ့တယ်။ နှစ်ကုန်ခါနီးမှာ အမေ့ညီမရဲ့ ဖုန်းကို ကျွန်မရခဲ့ပြန်တယ်။

“သမီးအမေနေမကောင်းဘူး… အမြန်ပြန်ခဲ့ပါ”

ဒီတစ်ခေါက်တော့ ကျွန်မ မယုံတော့ဘူး။ ရှေ့ရက်ကမှ အမေနဲ့ကျွန်မ ဖုန်းပြောခဲ့သေးတယ်။ သူနေကောင်းကြောင်း၊ သူ့ကိုစိတ်မပူဖို့ ပြောခဲ့သေးတယ်။ ဒါပေမယ့် အိမ်ပြန်ခဲ့ဖို့ အဒေါ်က ကျွန်မကို လောနေခဲ့လို့ အမေကြိုက်တတ်တဲ့ ကိတ်မုန့်ဝယ်ပြီး မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ရွာကိုကျွန်မပြန်ခဲ့တယ်။ ရွာရောက်တော့ အဒေါ်က လည်ပင်းရှည်ကြီးနဲ့ ကျွန်မကိုမျှော်နေတယ်။ အမေလာကြိုတာကို မတွေ့တော့ မကောင်းတဲ့နိမိတ်က ကျွန်မရင်ထဲ ရုတ်တရက်တိုးဝင်လာခဲ့တယ်။

ကျွန်မကို အကြောင်းကြားချိန်တည်းက အမေမရှိတော့ကြောင်း၊ စိတ်ချလက်ချနဲ့ သူထွက်ခွာသွားကြောင်း အဒေါ်က ကျွန်မကို ပြောပြတယ်။ လွန်ခဲ့တဲ့နှစ်ဝက်က အမေမှာ ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို အမေက ဘယ်သူ့ကိုမှ မပြောဘဲ ခါတိုင်းလို အလုပ်တွေလုပ်ရင်း ဘာမှမဖြစ်သလို နေခဲ့တယ်။ အရာအားလုံးကို အစဉ်တကျ စီစဉ်ဆောင်ရွက်ခဲ့တယ်။ အမေ့မှာ မျက်စိတိမ်စွဲနေကြောင်း၊ အရာဝတ္ထုတွေကို ကောင်းစွာမမြင်နိုင်ကြောင်း အဒေါ်က ကျွန်မကိုပြောပြပြန်တယ်။

အမေ့အတွက် ကိတ်မုန့်ကို ရင်ဝမှာထားပြီး ကျွန်မတင်းတင်းလေး ဖက်ထားမိတယ်။ ကျွန်မရင်တစ်ခုလုံး ဟာနေခဲ့တယ်။ အမေက သူ့အတွက် အသက်ရှင်ဖို့ရက်သိပ်မကျန်ကြောင်းသိလို့ ကျွန်မကို မကြာခဏ ဖုန်းဆက်ပြီး ပြန်ခိုင်းခဲ့ပုံရတယ်။ ကျွန်မကို မြင်ရဖို့၊ ကျွန်မနဲ့ စကားတွေပြောရဖို့အတွက် ကျွန်မကို အိမ်ပြန်ခိုင်းခဲ့တယ်။ ကျွန်မ မစားရဲ၊ ချေးများခဲ့တဲ့ မသန့်မရှင်း အမေရဲ့ ဟင်းတွေကလည်း အမေအမြင်တွေ မှုန်ဝါးခဲ့လို့ဖြစ်တယ်။ ကျွန်မကို ကားဂိတ်လိုက်ပို့ခဲ့တဲ့ညက အိမ်အပြန်လမ်းမှာ အမေချော်လဲခဲ့မလား? နမော်နမဲ့နိုင်လွန်းတဲ့ ကျွန်မ ဘယ်တော့မှ သိနိုင်ခဲ့တော့မှာ မဟုတ်ပါဘူး။

အမေ… လူ့ဘဝထဲကနေ နောက်ဆုံး ခွဲထွက်သွားမယ့်အချိန်မှာတောင် မီးခိုးခေါင်းတိုင်ဟောင်းမှာ (Petunia) ခေါင်းလောင်းနွှယ်ပန်းတွေ ပန်းပွင့်နေပြီဆိုတဲ့အကြောင်း ကျွန်မကို အားရဝမ်းသာပြောသွားခဲ့တယ်။ ကျွန်မငယ်ငယ်ကဝတ်ခဲ့တဲ့ ခရမ်းရောင်အင်္ကျီလို ပဲခင်းကပန်းတွေ ပွင့်နေတဲ့အကြောင်း ပြောသွားခဲ့တယ်။ အမေက အချစ်တွေ၊ နွေးထွေးမှုတွေကို ချန်ထားခဲ့ပြီး လူ့ဘဝထဲကနေ ဆိတ်ဆိတ်ငြိမ်ငြိမ် ထွက်သွားခဲ့ပါတယ်။

ဒီလောကမှာ ကျွန်မကို စိတ်မဆိုးတတ်တဲ့ တစ်ဦးတည်းသောသူဟာ အမေပါ…
ဒီလောကမှာ ကျွန်မအပြန်ကို အမြဲစောင့်ကြိုနေတတ်တဲ့ တစ်ဦးတည်းသောသူဟာ အမေပါ..
အမေရဲ့မေတ္တာ၊ အမေရဲ့ချစ်ခြင်းကြောင့် အမေ့ကိုဒီလောက်အကြာကြီး ကျွန်မစောင့်ခိုင်းရဲခဲ့တာပါ အမေ….

မူရင်းရေးသားသူ -劉繼榮 (Liu Ji Rong) 母親,我怎麼讓你等了那麼久


နိုင်းနိုင်းစနေ ဘာသာပြန်သည်

Wednesday, September 9, 2009

PFingo

Pfingo ပီဖင်းဂိုး ဆိုတဲ့ စကားလုံးလေးဟာ ၂၀၀၈လောက်ကစပြီး အင်တာနက် အသုံးပြုသူတွေရဲ့ ပါးစပ်ဖျားမှာ ရေပမ်းစားလာလိုက်တာ ၂၀၀၉ နှစ်လယ် ရောက်တဲ့အထိလည်း ပျောက်ကွယ်မသွားတာကို တွေ့ရပါတယ်။ ပီဖင်းဂိုးလို့ ပြောလိုက်တာနဲ့ အင်တာနက် အသုံးပြုသူတွေ အတော်များများက သူ့ရဲ့တံဆိပ်ဖြစ်တဲ့ နှုတ်သီးရှည် ငှက်ကလေးကို ပြေးမြင်လိုက်ပြီး နားကျပ်နဲ့ မိုက်ခရိုဖုန်းကို ကောက်ကိုင်ဖို့ သတိရလိုက်ကြတော့တာပါပဲ။


ပီဖင်းဂိုးဆိုတာ ဘာလဲ

ပီဖင်းဂိုးဆိုတာ စင်္ကာပူအခြေစိုက် Starhub တယ်လီဖုန်း ကုမ္ပဏီကနေ တီထွင်လိုက်တဲ့ VOIP (Voice Over IP) ပရိုဂရမ်တစ်ခုပဲ ဖြစ်ပါတယ်။ အင်တာနက်ကို အသုံးပြုပြီး ကမ္ဘာတစ်ဝှန်းလုံးက လက်ကိုင်ဖုန်းတွေကို ဆက်သွယ်နိုင်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။


ပီဖင်းဂိုးဟာ အခမဲ့လား

ပီဖင်းဂိုးဟာ အခမဲ့ အသုံးပြုလို့ မရပါဘူး။ သူ့ကို အသုံးပြုချင်ရင် စင်္ကာပူနိုင်ငံမှာ နေထိုင်သူ တစ်ယောက်က Pfingo အကောင့်တစ်ခုကို ဖွင့်ပေးရပါတယ်။ အဲဒီအကောင့်ကနေ တဆင့် ဆက်သွယ်ရတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် VOIP အင်တာနက်ပေါ်က အသုံးပြုတဲ့အတွက် နိုင်ငံတကာတယ်လီဖုန်း ဆက်သွယ်ခ နှုန်းထားတွေဟာ အလွန်ပဲ သက်သာတာကို တွေ့ရပါတယ်။ ဟိုးအရင်ကဆို နိုင်ငံရပ်ခြား ခေါ်ဆိုခဟာ သာမန်တယ်လီဖုန်း လိုင်းတွေနဲ့ဆိုရင် ယေဘုယျ တစ်မိနစ်ကို တစ်ဒေါ်လာ ရှိခဲ့တယ် ဆိုရင်တောင်မှ ပီဖင်းဂိုးကနေ ခေါ်မယ်ဆိုရင် ဥရောပနိုင်ငံတွေကို တစ်မိနစ် စင်္ကာပူဒေါ်လာ သုံးဆင့်၊ အမေရိကကို တစ်မိနစ် လေးဆင့်၊ တရုတ်ပြည်ကို တစ်မိနစ် နှစ်ဆင့်၊ အရှေ့အလယ်ပိုင်း ဒေသတွေကို တစ်မိနစ် ဆင့်ငါးဆယ်အောက်၊ ဂျပန်ကို တစ်မိနစ် ဆင့်သုံးဆယ်၊ ထိုင်ဝမ်ကို ဆယ့်ငါးဆင့်၊ ဘရူနိုင်းကို ခုနစ်ဆင့်ခွဲ၊ မလေးရှားကို ခြောက်ဆင့်၊ ထိုင်းကို လေးဆင့်ခွဲ စသည်ဖြင့် သာမန်ဖုန်းလိုင်းထက် အလွန်တရာ သက်သာတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အခမဲ့ မဟုတ်ပေမယ့် အင်တာနက် အသုံးပြုသူတိုင်းက နိုင်ငံတကာနဲ့ ဆက်သွယ်ရာမှာ လက်ကိုင်ထားနေကြတာ ဖြစ်ပါတယ်။


ပီဖင်းဂိုးနဲ့ ဂျီတော့ခ် ဘာကွာခြားသလဲ

ဂျီတော့(ခ်)ဟာ IM (Instant Messaging Tool) လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဂျီတော့(ခ်)ဟာ အင်တာနက် အသုံးပြုနေသူ အချင်းချင်းသာ တိုက်ရိုက် ဆက်သွယ်ပြောဆိုလို့ ရတယ်။ ဂျီတော့(ခ်)ကနေ တယ်လီဖုန်းကို ခေါ်ဆိုလို့ မရသေးပါဘူး။ ဂျီတော့(ခ်) တစ်ခုထဲမှ မဟုတ်ပါဘူး၊ Yahoo Messenger, MSM (Microsoft Messenger) တွေဟာလည်း အင်တာနက် အသုံးပြုသူ အချင်းချင်းသာ ဆက်သွယ်လို့ရတဲ့ IM တွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံရပ်ခြားက လူတစ်ယောက်ကို စကားပြောချင်ရင် အဲဒီသူကလည်း အင်တာနက်လိုင်းပေါ်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ ပီဖင်းဂိုးလို VOIP စနစ်ကတော့ တစ်ယောက်ကသာ အင်တာနက်လိုင်းပေါ်မှာ ရှိနေရင် သူခေါ်ချင်တဲ့သူကို အင်တာနက်ကနေ တိုက်ရိုက် သူ့ရဲ့ဖုန်းကို လှမ်းခေါ်လို့ ရတာမျိုးပါ။ Gtalk လို IM တွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ချင်ရင် အသုံးပြုတဲ့ ID တစ်ခုကို သိဖို့ လိုအပ်ပါတယ်။ ပြီးရင် ကိုယ်ခေါ်ချင်တဲ့သူက ကိုယ့်ကို လက်ခံဖို့ (Accept) လည်း လိုအပ်ပါတယ်။ ပီဖင်းဂိုးကတော့ ကိုယ်ပြောချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို တကယ့်ဖုန်းလိုပဲ ရိုက်ထည့်ပြီး ခေါ်ဆိုရုံပါပဲ။ ဒီလို အင်တာနက်ကနေ တယ်လီဖုန်းကို တိုက်ရိုက်ခေါ်ဆိုနိုင်တဲ့အပြင် Gtalk လိုပဲ ပီဖင်းဂိုး အသုံးပြုသူ အချင်းချင်းလည်း Instant Messaging အနေနဲ့လည်း အသုံးပြုလို့ ရပါသေးတယ်။ Internet-Internet စကားပြောလို့လည်း ရတယ်။ Chatting လုပ်လို့လည်း ရတယ်။ ဒီလို ပီဖင်းဂိုးကနေ အခြားပီဖင်းဂိုး အကောင့်ကို တိုက်ရိုက် ခေါ်ဆိုတာမျိုးကျတော့ အခမဲ့ ဖြစ်ပါတယ်။ တယ်လီဖုန်းလိုင်းကို ခေါ်ဆိုမှသာ ပိုက်ဆံပေးရပါတယ်။ အင်တာနက် ချိတ်ဆက်ထားတဲ့ တယ်လီဖုန်းတွေဆိုရင် ကွန်ပျူတာမလိုဘဲ တယ်လီဖုန်းကနေပဲ ပီဖင်းဂိုးကို အသုံးပြုပြီး ဆက်သွယ်တာမျိုးလည်း ရှိပါတယ်။


VOIP ဆိုတာကရော ဘာလဲ

VOIP ဆိုတာက အင်တာနက် ဒါမှမဟုတ် ချိတ်ဆက်ထားတဲ့ Packet-Switched Networks တွေမှာ Internet Protocol (IP) ကိုအသုံးပြုတဲ့ အသံလွှဲပြောင်းရယူမှု ဆက်သွယ်ရေးစနစ် တစ်ခုပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ တယ်လီဖုန်းကလာတဲ့ Analog အသံတွေကို Digital စနစ်အဖြစ် ပြောင်းလဲပြီး IP Packet Signal တွေအနေနဲ့ ကွန်ယက်ပေါ်ကတဆင့် အခြားတစ်နေရာကို ပို့ခြင်း၊ ရယူခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။


VoIP စနစ်ရဲ့ အားသာချက်တွေ

VoIP စနစ်ဟာ အင်တာနက် ကွန်ယက်ကို အဓိက သုံးစွဲတာမို့ သာမန် တယ်လီဖုန်းလိုင်း ဆက်သွယ်ခ နှုန်းထားတွေနဲ့ မတူဘဲ ကုန်ကျစရိတ် သက်သာပါတယ်။ ပီဖင်းဂိုးလို VoIP စနစ်မှာ Softphone လို့ခေါ်တဲ့ ပရိုဂရမ် တစ်ခုကို ကွန်ပျူတာထဲ ထည့်သွင်းပြီး အသုံးပြုရုံနဲ့ သီးခြား တယ်လီဖုန်းတစ်ခု ထပ်ဝယ်စရာ မလိုဘဲ ကွန်ပျူတာကနေ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ ဒီစနစ်ကို တည်ထောင်သူတွေ ဘက်ကနေ ကြည့်ခဲ့ရင်လည်း Telecommunication စနစ်တစ်ခုအတွက် တပ်ဆင်ရတဲ့ အဖိုးနှုန်းထားတွေထက် ဒီ VoIP စနစ်က အကုန်အကျ သက်သာမှု အများကြီး ရှိပါတယ်။ သုံးစွဲသူတွေအတွက် စက္ကန့်၊ မိနစ်နဲ့ တွက်ချက်ပေးထားပေမယ့် တကယ်တမ်း အင်တာနက်ပေါ်ကနေ ဆက်သွယ်မှု ပြုလုပ်တဲ့အခါ ဒေတာပမာဏ ဘယ်ရွေ့ဘယ်မျှ သွားတယ်ဆိုတဲ့ (Bandwidth Usage) နဲ့သာ ကုန်ကျတာမျိုး ဖြစ်တာကြောင့် သာမန်ဖုန်းခေါ်ဆိုခထက် သက်သာတာလည်း ဖြစ်ပါတယ်။


ပီဖင်းဂိုးကို ဘယ်သူတွေ အသုံးပြုသင့်သလဲ

နိုင်ငံရပ်ခြားနဲ့ ဖုန်းအမြဲတမ်း ဆက်သွယ်နေရသူတွေ (ဥပမာ- ဟော်တယ်တွေ၊ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေ)၊ ကိုယ့်မိဘဆွေမျိုးသားချင်းတွေက နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေ၊ အင်တာနက်လိုင်း တစ်ခုထဲကို အသုံးပြုပြီး ဖုန်းအများကြီး ခွဲသုံးချင်သူတွေ စတဲ့သူတွေ အနေနဲ့ ပီဖင်းဂိုးကို စမ်းသုံးသင့်ပါတယ်။ အကျိုးအမြတ်ကတော့ ကိုယ်သာမန်ဖုန်းလိုင်းမှာ ကုန်ကျနေတဲ့ IDD စရိတ်တွေ အများကြီး သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။ အသံကြည်လင်မှုကတော့ ကိုယ်ချိတ်ဆက်တဲ့ အင်တာနက်က မြန်ဆန်တယ်ဆိုရင် တကယ့်ဖုန်းနဲ့ ပြောနေရသလိုပါပဲ။


ပီဖင်းဂိုးပြောလို့ရအောင် ဘယ်လိုလုပ်ရမလဲ

ကိုယ်က စင်္ကာပူမှာ ဆွေမျိုးသားချင်း ရှိတယ်ဆိုရင်တော့ သူတို့တွေက လုပ်ပြီးသားတောင် ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ ကိုယ်က အဲဒီလိုလည်း မရှိဘူး နိုင်ငံတကာနဲ့လည်း ဈေးချိုချို ဆက်သွယ်ချင်တယ်ဆိုရင် အခုအခါ မြန်မာပြည် အင်တာနက်ဆိုင်တွေမှာ Pfingo Service မပေးတဲ့ဆိုင် မရှိသလောက်ကို ဖြစ်နေပါပြီ။ ဆိုင်တွေအနေနဲ့ သူတို့ဘာသာ ပီဖင်းဂိုးအကောင့်တွေ ဖွင့်ထားတာမျိုး ရှိပါတယ်။ ဒါကြောင့် ကိုယ်က ပြောချင်ရင် သူတို့အကောင့်ကို သတ်မှတ်ထားတဲ့ ဈေးနှုန်းပေးပြီး ယူသုံးလိုက်ရုံပါပဲ။ ဆိုင်တွေမှာလည်း သွားမသုံးချင်ဘူး၊ ကိုယ့်ဘာသာ အိမ်မှာ အသုံးပြုချင်တယ် ဆိုရင်တော့ ပီဖင်းဂိုးအကောင့်ကို မိတ်ဆွေသူငယ်ချင်းတွေကနေတဆင့် ဖွင့်ခိုင်းရပါလိမ့်မယ်။ အဲဒီအခါ သူတို့က ကိုယ့်ကို Pfingo Talk No. နဲ့ Pin No. နှစ်ခုကို ပေးပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်ရဲ့ ကွန်ပျူတာမှာ PfingoTalk PC Softphone ဆိုတဲ့ ပရိုဂရမ်လေးကို သွင်းပြီး အခုန နံပတ်နှစ်ခုကို ရိုက်ထည့်လိုက်ပြီ ဆိုတာနဲ့ သင်ဟာ ကမ္ဘာတလွှားက မိတ်ဆွေသူငယ်ချင်းတွေဆီကို အဖိုးနှုန်းချိုသာစွာနဲ့ ခေါ်ဆိုနိုင်ပြီ ဖြစ်ပါတယ်။


သုံးသပ်ချက်

ဒီ Pfingo လို VoIP စနစ်တွေကို အသုံးပြုပြီး ဖုန်းခေါ်ဆိုတာကြောင့် တယ်လီဖုန်းကုမ္ပဏီကြီးတွေ အနေနဲ့ တယ်လီဖုန်းလိုင်းတွေကနေ ရရှိမယ့် ဝင်ငွေတွေ လျှော့ကျသွားနိုင်တယ်လို့ ယေဘုယျအမြင်နဲ့ ထင်နိုင်စရာ အကြောင်း ရှိပါတယ်။ ဒါပေမယ့် တဖက်က ပြန်လှည့်ကြည့်ရင် ဈေးကြီးတဲ့ နိုင်ငံတကာ ဆက်သွယ်မှု IDD ခေါ်ဆိုရမှုကြောင့် ပြည်တွင်းက နိုင်ငံခြားငွေ အများကြီးထွက်တာ၊ ပြီးတော့ ဒီလိုဈေးကြီးတဲ့အတွက် သုံးစွဲသူတွေ လျော့နည်းနေတာ၊ Telecommunication Infrastructure တွေအတွက် စရိတ်စက ကြီးမြင့်တာ၊ ကိုယ့်နိုင်ငံသားတွေ ပြည်ပခေါ်ဆိုမှု သက်သက်သာသာနဲ့ မပြုလုပ်နိုင်တာ စတဲ့ အချက်အလက်တွေကို ပြန်ထောက်ကြည့်မယ် ဆိုရင်တော့ အင်တာနက်လိုင်းကို အသုံးပြုပြီး တယ်လီဖုန်း မပိုင်ရင်တောင်မှ ဒီလို ဈေးသက်သက်သာသာနဲ့ ပြောဆိုနိုင်တဲ့ စနစ်ဟာ ပိုအောင်မြင်လာနိုင်တဲ့ စနစ်တစ်ခု ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဈေးသက်သာတဲ့အတွက် သုံးစွဲတဲ့သူ များလာမယ်။ ဈေးကြီးတာကို နဲနဲသုံးနေတာထက် ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့ဟာကို လူများများ သုံးလာခြင်းက စားသုံးသူတွေကို စွဲဆောင်နည်း တစ်ခုလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေဘက်က ကြည့်ရင်လည်း အကုန်အကျ နည်းနည်းနဲ့ ကမ္ဘာတစ်ဝှန်းလုံးက ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ အသိအကျွမ်းတွေနဲ့ ပိုမိုထိတွေ့ခွင့် ရလာနိုင်ပြီး ရင်းနှီးနွေးထွေးမှုတွေ ပိုလာနိုင်တာမို့ လက်ခံကြိုဆိုချင်စရာ အသုံးချ နည်းပညာတစ်ခုပဲ ဖြစ်တယ်လို့ ကောက်ချက်ချချင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီစာကို ဖတ်မိတဲ့အချိန်မှာ၊ သင့်မှာလည်း နိုင်ငံရပ်ခြားရောက် မိသားစုတွေ ရှိနေတယ်ဆိုရင် အင်တာနက်ဆိုင်ကို ပြေးလို့ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်က အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာနဲ့ဖြစ်ဖြစ် Pfingo ကိုအသုံးပြုပြီး စမ်းသပ်ဆက်သွယ်ကြည့်ကြဖို့ သတင်းစကား လက်ဆောင် ပါးလိုက်ပါတယ်။


Remark: People မဂဿဂဇင်း ဇူလိုင်လ အတွက် ရေးဖြစ်တဲ့ ဆောင်းပါးလေးပါ။