အောင်မြင်သူ
လီ..တကယ်ကိုအောင်မြင်ပါသည်။..စင်ကာပူအမျိုးသားနေ့လူထုအလှပြပွဲခင်းကြီးရဲ့အလယ်.. ပီသုံးလုံးပါတီရဲ့ အဖြူရောင်တူညီဝတ်စုံဆင်မြန်းထားကြသော.. တပည့်တပန်းများကြားမှာ.. ပြုံးပြုံးကြီး..ကျေနပ်နေသော..သူ့မျက်နှာသည်..မနာလိုချင်စရာကောင်းလောက်အောင်ကို.. ၀င့်ထယ်လှပါသည်။ ကြည့်ပါဦးလေ။ တိုင်းပြည်ကြီးကလည်း ပြည့်စုံလို့။ သားကြီးသြရသကလည်း သူ့အရိုက်အရာကိုဆက်ခံလို့။ သားငယ် သမီးငယ်တွေကလည်း..တိုင်းပြည်ရဲ့အရေးကြီးတဲ့..တာဝန် တွေကို အသီးသီးထမ်းဆောင်လို့။ ထက်မြတ်တဲ့ ငယ်ပေါင်းကြီးဖော် ဇနီးသည်ကလည်း အသက်ရှည်ရှည်..ခင်ခင်မင်မင်ဆိုသလို။...ပါလီမန်ကြီး တခုလုံး ကိုလည်း..ဂုဏ်ထူးဆောင်ရာသက်ပန်နာယကကြီးအဖြစ်နဲ့..မီးသေတုံး။ အင်..ကျန်သေးတယ်..၀န်ကြီးချူပ် ကတော်..ချွေးမကလည်း တနိုင်ငံလုံးရဲ့စီးပွါးရေးအချူပ်အခြာပိုင်ဆိုင်မူတွေကို..ထိန်းချူပ်ထားတဲ့...တီမားဆပ်.ဦးပိုင်လိမိတတ်ကြီးမှာ..ဥက္ကဠ။...မကြာသေးခင်ကမှ..အမေရိကန်အခြေစိုက်..ဓန..Fortuneမဂ္ဂဇင်းကြီးကနေပီးတောင်..ကမ္ဘာ့..နံပတ်သုံး..အအောင်မြင်ဆုံး..စီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးအဖြစ်..်ရွေးချယ်ခံလိုက်ရသေး။ ဒီလိုဘ၀မျိုးကိုမှ..အောင်မြင်ကြီးကျယ်တယ်မခေါ်လျှင်..ဘာကိုခေါ် ရတော့မလဲ။
အရှေ့တန်ဖိုးနဲ့..အနောက်တန်ဖိုး
မိုးသီးဇွန်ရဲ့..နာခံမူကိုဆန်းစစ်ခြင်းစာအုပ်မှာ..ဗမာလူမျိုးတွေ..တလျှောက်လုံး....လက်ကိုင်ပြုလာသော..လောကနီတိကျမ်းကြီးကို..ရဲရဲတင်းတင်း..ခွဲခြားသုံးသပ်ပြသွားသည်။...ဗမာလူမူအသိုင်းအ၀ိုင်းထဲမှာ..ဗုဒ္ဒဘာသာနဲ့အတူရောနှောစိမ့်ဝင်လာတဲ့..လောကနီတိရဲ့ကျမ်းရှင်..စဏတျကို..နိုင်ငံရေးဆရာကြီး..အာဏာပွဲစားကြီးအဖြစ်..ခပ်ကြမ်းကြမ်းလေးသရုပ်ဖော်သွားသည်။ ကောင်းပါတယ်။..ကိုယ်ကတော့..ကျမ်းတက်ပေတတ်လည်းမဟုတ်.လောကနီတိကိုလည်း..ဃဃနနမသိသူမို့..သူထောက်ပြသွားတဲ့ အချက်တော်တော်များများဟာ..လက်ခံနိုင်စရာတွေလို့ပဲ..မြင်မိပါတယ်။ စဏတျဟာ..သူ့ရှေ့က..နံမည်ကျော်ကြားခဲ့တဲ့..ကွန်ဖြူးရှပ်တို့..စွန်ဇူတို့လိုပဲ ..အရှေ့စံနှူန်းတွေကို နိုင်ငံရေးနဲ့လူမူရေးနယ်ပယ်မှာ သူ့စိတ်ကြိုက်ပြဠန်းသွားခဲ့ပါတယ်။ ခုထက်ထိလည်း..မြန်မာ့အလင်း သတင်းစာမျက်နှာဖုံးမှာ တနေ့တမျိုးတွေ့မြင်နေရဆဲပါ။
တကယ်တော့..၆၀၀ဘီစီနဲ့...၃၀၀ဘီစီအကြား..အရှေ့တိုင်းမှာ..ကွန်ဖြူးရှပ်တို့..စွန်ဇူးတို့..ခု..စဏတျ တို့လိုပညာတတ်ပုဂ္ဂိုလ်ကြီးတွေရဲ့..အရှေ့တိုင်းစံနှူန်းတွေ...ထွန်းကားခဲ့တာနဲ့.မရှေးမနှောင်းဆိုသလိုပဲ..ဆိုကရေးတီးတို့လို..ပလေတိုတို့လို..တွေးခေါ်ပညာရှင်ကြီးတွေကလည်း..ဒီမိုကရေစီသဘောတရား
အပါအ၀င် အနောက်တိုင်းစံနှူန်းတွေကို အုတ်မြစ်တည်ခဲ့ကြပါတယ်။
အဲဒီ..အရှေ့လား အနောက်လား .. ဇတ်လမ်းတွေက ခုထိမပီးသေးပါ။ လီကွမ်ယူအပါအ၀င် ယခု အာဆီယံခေါင်းဆောင်အများက ..ဒီမိုကရေစီဆိုတာ အနောက်တိုင်းတန်ဖိုးသတ်မှတ်ချက်မို့.. ပုံတူကူးချစရာ မလိုဘူးဆိုတဲ့အမြင်များရှိနေကြတယ်။..ဒီမိုကရေစီဆိုသောစကားကိုနိုင်ငံတကာဘောင်ဝင်အောင်...ကြားကောင်းအောင်သာ..အော်နေကြသော်လည်း..တကယ့်တကယ်မှာတော့..ဦးနေ၀င်းကြီးထွင်တဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဆိုသလိုမျိုး...ကိုယ့်နည်းကိုယ့်ဟန်..ဒီမိုကရေစီလုပ်နေကြ ခြင်းပါပဲ။ မိုးသီးဇွန်ပြောသလို.. ပုံဖျက်ထားသောဒီမိုကရေစီ (သို့မဟုတ်) တပါတီတည်းကသာ..ထပ်ပြန်တလဲလဲ အာဏာရနေသော Autocracy အော်တိုကရေစီ များကခပ်များများ ဖြစ်နေကြ

စင်ကာပူကိုပဲကြည့်ပါတော့။ ပီးတော့..သူတို့ အာစီယံနိုင်ငံအကြီးအကြဲတွေ..ဘာလုပ်များ..ဒီလောက်တကမ္ဘာလုံး နားပူနားဆာလုပ်နေတဲ့ မြန်မာနိုင်ငံအရေးကိစ္စကို.. နားထိုင်းနေကြသလဲ။ သိက္ခာတွေလည်း ကျနေတာရစရာမရှိတော့။ ဘာဖြစ်လို့များ ဒီလောက်တောင် ပေတေတေကြီးတွေ ဖြစ်နေကြတာလဲ။ အဲဒီထဲမှာမှ လီကွမ်ယူ ဟာ..ကွန်ဖြူးရှပ်ရဲ့..အရှေ့တိုင်းဥပဒေသတွေကို စံထား ကျင့်သုံးသူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
လီဟာ အနောက်တိုင်းတက္ကသိုလ်ထွက်ဖြစ်ပီး..အနောက်ကနည်းပညာတွေနဲ့ အနောက်ပုံစံငယ် နိုင်ငံလေး ကိုဖန်တီးနေပေမဲ့..အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကို သတိနဲ့ချည်းကပ်သူဖြစ်ပါတယ်။ ကြုံရင်ကြုံသလိုလည်းဝေဖန်ပါတယ်။ သူဟာမျိုးချစ်စိတ် မာနရှိသူဖြစ်ကြောင်းနဲ့.. westernization ကိုတွန်းလှန်နေသူဖြစ်ကြောင်း မသိမသာမြင်နိုင်ပါတယ်။ စင်ကာပူပါလီမန်ထဲက..ပီသုံးလုံးပါတီဝင်တွေဟာ..ဘယ်တော့မှ..အနောက်တိုင်းဝတ်စုံမ၀တ်ကြပါဘူး။ အမျိုးသားဝတ်စုံလည်းသတ်သတ်မှတ်မှတ်မရှိတဲ့အတွက်..အနွေးထည်လိုလို ဂျာကင်လိုလို အကျီင်္မျိုးကိုဝတ်ဆင်ကြတာ..ပြုံးချင်စရာပါ။.
ကမ္ဘာ့ဇာတ်ခုံပေါ်မှာ..အဲလိုဖော်ပြနည်းမျိုးကို.. ထင်ရှားတဲ့အမေရိကန်ဆန့်ကျင်ရေးသမားတွေဖြစ်တဲ့...ကျူးဘားသမ္မတ Castro အီရန်သမ္မတ..Ahmadinejad..ပီးတော့..ဗမာပြည်က..နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်တို့ပြသခဲ့ကြပါတယ်။ အဲလိုပဲ..အနောက်တိုင်း ဒီမိုကရေစီအသိုင်းအ၀ိုင်းကလည်း လီကို သိပ်ပီးလူရာသွင်းဟန်မပြပါဘူး။ စင်ကာပူနိုင်ငံတိုးတက်အောင်မြင်နေတာ..မြင်နေလက်ခံနေကြပေမဲ့လည်း..လီရဲ့စွမ်းဆောင်ချက် တွေကို ဂုဏ်တင်ချီကျူးလေ့မရှိပါဘူး။
လီကွမ်ယူနဲ့ဗမာပြည်
လီထူထောင်ခဲ့တဲ့ စင်ကာပူနိုင်ငံကြီးနဲ့..ဗမာ့အသိုင်းအ၀ိုင်းကြားမှာ..ဆက်စပ်မူတွေအလွန်များပြားခဲ့ ပါတယ်။ တချို့လဲဆိုတယ်။ စင်ကာပူ မြို့ပြစီမံကိန်းကို ဦးနုရဲ့ပြည်တော်သာစီမံကိန်းက လွှမ်းမိုးခဲ့တယ်ဆိုတာမျိုး။ ဗမာပညာရှင်တွေများစွာနဲ့ စင်ကာပူနိုင်ငံကြီးကို အားဖြည့်ခဲ့ကြတယ် ဆိုတာမျိုးလို။ ခုချိန်မှာလည်း ဗမာ့လူသားရင်းမြစ်တွေကို ပွဲလန့်တုန်းဖျာခင်းပီး..သိမ်းကျူံး ကောက်ထဲ့နေတယ်ဆိုတဲ့အမြင်မျိုး ။ (အကောင်းမြင်မယ်ဆိုရင်လည်း..ရနိုင်တဲ့အခြေအနေပါ)
ပါးစပ်ရာဇ၀င်တွေအရတော့..လီ ဟာ ဦးနေ၀င်းနဲ့ အပေးအယူလုပ်ခဲ့ပီး အရှေ့နဲ့ အနောက် ရေကြောင်း ဆက်သွယ်ဖို့ တူးမြောင်းကြီး တနသာင်္ရီတိုင်းကိုဖြစ်ဖေါက်ဖို့ စီမံကိန်းကို ပယ်ဖျက်နိုင်ခဲ့တယ် လို့လည်း ဆိုကြတယ်။ အဲဒီအတွက်..စင်ကာပူရဲ့ဆိပ်ကမ်းစီးပွါးရေးကြီး အကြီးအကျယ်အကျိုးအမြတ်တွေရခဲ့ပီး
ဦးနေ၀င်းကတော့ မိသားစုပိုင် မြေကွက်တချို့ စင်ကာပူ မှာရခဲ့တယ်လို့ဆိုပါတယ်။
မြန်မာပြည်မှာလည်း...လူကြိုက်များတဲ့...လီကွမ်ယူအတုပတ္တိစာအုပ်ကြီးဟာ..နှစ်လက်မလောက်ထူပါတယ်။ ကိုယ်တိုင်တော့မဖတ်ဘူးပေမဲ့ ကောက်နုတ်ချက်တခုမှာ တွေ့လိုက်ရတာတော့ အဲဒီစာအုပ်ထဲမှာ လီက..
ဦးနေ၀င်းကို ချီးကျူးရေးသားပြောဆိုထားချက်တွေပါတယ်ဆိုတာရယ်... မြန်မာပြည်သားတွေဟာ..ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူးလို့....သုံးသပ်ထားတယ်ဆိုတာကတော့ အတော်စိတ်ဝင်စားစရာပါ။
ခုန်နေသောပင့်ကူများ
ဘားမားတူဒေးအင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့ဘူးပီး နယူးယောက်အထက်ပိုင်းဗမာလူငယ်များ ရေးသားတဲ့ ခုန်နေသောပင့်ကူများ ဆိုတဲ့ဆောင်းပါးကို စိတ်ဝင်တစားဖတ်ခဲ့ဘူးပါတယ်။ တရုတ်လူမျိုးနွယ်စုတခုဖြစ်တဲ့..ဟက်က(Hakka)ဆိုတဲ့..အဓိပ္ပယ်ရင်းကို....တင်စားဖွင့်ဆိုထားခြင်းဖြစ်ပီး နံမယ်ကျော် ဟက်က လူမျိုးများ အကြောင်း ဆက်စပ်ဖော်ပြထားပါတယ်။ မှတ်မိတာတော့ မော်စီတုန်း လီကွမ်ယူ ဦးနေ၀င်းနဲ့ ထိုင်းဝန် ကြီးချူပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့ပါပဲ။ မျိုးနွယ်ခြင်းတူလို့ပဲလား....စိတ်ဓါတ်ခြင်းတူလို့ပဲလားတော့မသိ..လီဟာ..ဦးနေ၀င်းနဲ့အပေးအယူမျှခဲ့သလို...သက်ဆင်နဲ့လဲ...သတင်းလွေ့ခဲ့ကြပါတယ်။..သက်ဆင်ရဲ့ဘ၀ကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့တဲ့.. ရှင်းကော်ပိုရေးရှင်းအရောင်းအ၀ယ်ကိစ္စမှာ ပါင်ပတ်သတ်နေခဲ့တာဟာ လီတို့မိသားစုချူပ်ကိုင်ထားတဲ့..စင်ကာပူနိုင်ငံရဲ့ထိပ်တန်း တီမားဆက်ဦးပိုင်လီမိတတ်ကြီးပါပဲ။
အကြီးအကျယ်အဝေဖန်ခံခဲ့ရတဲ့....နိုင်ငံဥလျှောင်ကြီးတွေရဲ့ဥပဒေလက်တလုံးခြားလှည့်..အရောင်းအ၀ယ် ကြီးအဖြစ် သမိုင်းတွင်နေပါတယ်။
တဟုန်ထိုးစင်ကာပူ
ဘယ်သူတွေဘာပဲပြောပြော စင်ကာပူကတော့ တဟုန်ထိုး တိုးတက်လာနေပါတယ်။
အခုနောက်ဆုံး Marina Bay Sands ဆိုတဲ့ Casino စီမံကိန်းနဲ့ Sentosa Cove ဆိုတဲ့အထူးအဆင့်မြင့်..(ရိုးရိုးအဆင့်မြင့်မဟုတ်ပါ)..အိမ်ယာစီမံကိန်းသစ်တွေဟာ..နောင်လာမဲ့နှစ်အနည်းငယ်အတွင်းမှာ..စင်ကာပူရဲ့ပုံရိပ်ကို...လုံးဝပြောင်းလဲသွားစေမယ်လို့..ခန့်မှန်းမျှော်လင့်ထားကြပါတယ်။ စင်ကာပူနိုင်ငံမှာ လောင်းကစားခြင်းကို တရားဝင်လုပ်သင့်မလုပ်သင့် ပါလီမန်မှာ အတော်ကြာ ငြင်းခုံနေခဲ့ကြပါတယ်။ နောက်ဆုံး လီက တချက်ပဲဝင်ပြောလိုက်တယ် ။ ဘယ်တရုတ်လူမျိုးဟာ လောင်းမကစားပဲနေမှာလဲကွ ဆိုတော့..ကာစီနိုလောင်းကစားဥပဒေဟာ ချက်ချင်းဆိုသလို အတည်ပြုလိုက်နိုင်ပါတော့တယ်။

(Scale model of the development together with the Singapore skyline on display in the URA Gallery. Source: )
ခုဆို ဗမာလူငယ်တွေလဲ..စင်ကာပူ ကာစီနိုကိုအကြောင်းပြုလို့...ကျောင်းတွေတက်ဖို့လမ်းပွင့်ကြသည်။..အလုပ်အကိုင်တွေတိုးပွါးလာသည်။ ကျောင်းပွဲစားတွေလည်း ပျော်ကြသည်။ ဒါပေမဲ့ လူတွေရင်ထဲမှာ စိုးရိမ်မူတွေရှိနေကြသည်။ လောင်းကစားကြောင့်ရှုပ်ထွေးလာမဲ့...လူမူရေးပြသာနာတွေကိုတွေးပူကြသည်။
ဒါဆိုအရှေ့တောင်အာရှက..ကျောင်းသားတို့ပညာရှာရာ...နိုင်ငံတကာက..ပညာရှင်တို့သာယာ ကြည်နှူးရာ..ဒီကျွန်းကလေးသာ..မကာအိုလိုလူဆိုးဂိုဏ်းတွေများလာမယ်ဆိုရင်..ဘယ်လိုလုပ်ကြ မလဲဆိုတာ..စဉ်းတော့ စဉ်းစားစရာပါ။

( Sentosa Cove Bunglow Model from its website)
လူဆိုးဂိုဏ်းတင်မက.. မီလျံနာတွေလည်းရောက်လာကြလိမ့်မည်။..
Sentosa-Coveမှ အထူးလုံးချင်း အိမ်ယာ များက ဒေါ်လာသန်း ၂၀ တန်အထိတောင်ရှိပါတယ်တဲ့။ သန်း ၂၀ ဆိုတော့..ဘယ်လိုလူမျိုးတွေ...၀ယ်မှာလဲ ဆိုတာ..မေးစရာမလိုပါ။...ကမ္ဘာတ၀ှမ်းက..ငွေမဲတွေ ပေါနေ သော သူဠေးများ..အာဏာရှင်များနဲ့..ရင်းနှီး မြုပ်နှံမည့် သူများသာ ၀ယ်နိုင်ပါလိမ့်မည်။ အဲဒီအတွက်ကြောင့်..နိုင်ငံခြားသား မြေယာပိုင်ဆိုင်မူ ဥပဒေတွေကိုလည်း...မနှေးအမြန်ပင် စီစဉ်လိုက်သည်။
ငွေ နဲ့ သိက္ခာ
လောကမှာ..ငွေနဲ့ သိက္ခာ..ဘယ်ဟာမှန်သလဲ ဆိုရင်..ဖြေဖို့ခက်ပါလိမ့်မည်။ Reality ကဘာလဲ..ငွေရှိမှလူရာဝင်တာ..လူတိုင်းငွေရှိချင်တာပဲ ..မင်းကော ငွေမမက် ဘူးလားလို့ မေးခဲ့ရင် .. အင်း..ဟုတ်သားပဲလို့ ဖြေမိမလား။ ငွေ နဲ့ သိက္ခာ အလဲအလှယ်လုပ်ရမယ်ဆိုရင်တောင်... သိက္ခာတွေ အလိုက်တောင် ပေးဦးမယ့်.လူတွေမရှားပါ။...ဒါပေမဲ့..အသိုင်းအ၀ိုင်းတခုအလယ် ရပ်တည်မူတခုနဲ့. တင့်တယ်စွာ နေချင်သူများ အတွက်တော့ အဲဒီ နာမ်ပုဒ် နှစ်ခုကို ညီမျှအောင်ထိန်းသိမ်းဖို့..အတန်ငယ်ခက်ပါလိမ့်မည်။ ဒီနေ့ခေတ်..ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ human right တို့ humanity တို့ Integrity တို့လို သံတမန် စကားလုံး လှလှလေးများ အတော်အရေးပါလာပါပီ။ အဲဒါကြောင့်..ကမ္ဘာ့အသိုင်းအ၀ိုင်းကြီးက..အာစီယံ ဘယ်လဲ ဘာလဲလို့..တမေးတည်းမေးနေကြသည်။ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုသော အဖြေသည်..မလုံလောက်မှန်း ..မခိုင်လုံမှန်းလည်း..အားလုံးသိကြပါသည်။ သို့သော်....။
လီကွမ်ယူ နှင့် စင်ကာပူနိုင်ငံကရော.. ။ ဆက်စပ်မူတွေများပြားလှသော..အိမ်နီးချင်း မြန်မာနိုင်ငံအတွက်..ဘယ်လို..သံတမန်ရေးရာမူဝါဒတွေကို ဆက်လက်ဆုပ်ကိုင်ထားဦးမလဲ။ မသိကျိုးကျွံပြုစရာများကိုပြု၍..သိသိသာသာအကျိုးအမြတ်ရမည့်ကိစ္စများကိုသာ..အာရုံစိုက်တော့မည်လား။ လီ တယောက် .. ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့များ တက်ေ၇ာက်ယူရာနိုင်ငံတွေမှာလည်း..ဆန္ဒပြမူများ..ကန့်ကွက်မူများ..ရင်ဆိုင် ခဲ့ရဘူးသည်။ အောင်မြင် ကြီးကျယ်သော်လည်း မြင့်မြတ်တည်ကြည်ဖို့များ လိုနေသေးသလားဆိုသော..မေးခွန်းများလည်း ရှိနေပါသေးသည်။
http://burmatoday.net/article2005/070121_aungmoewin.swf
http://en.wikipedia.org/wiki/Kra_Isthmus
မိုးသီးဇွန်ရဲ့ နာခံမူကိုဆန်းစစ်ခြင်းစာအုပ် (ရွက်မွန်စာမျက်နှာမှ)

0 comments:
Post a Comment